34 C
Yangon

ကလေးမြို့၊ စက္ကန့်ကျေးရွာကို စစ်တပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို PDF တပ်ဖွဲ့က ရှင်းလင်းရေး ပြုလုပ်

Must read

ကလေးမြို့၊ စက္ကန့်ကျေးရွာကို စစ်တပ် ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များကို PDF တပ်ဖွဲ့က ရှင်းလင်းရေး ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်း ကလေးမြို့စက္ကန့်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်မှ ပစ်ခတ်ခဲ့သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များကို ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ရှိ၍ ရှင်းလင်းဖယ်ရှားပေးခဲ့ရကြောင်း မိုင်းရှင်းလင်းရေးအဖွဲ့ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများထဲမှ ၆၀ မမ လက်နက်ကြီးကို မပေါက်ကွဲသေးဘဲ တွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ၆၀ မမ ကို ပြည်သူတွေက တွေ့ပြီး အကြောင်းကြားခဲ့ပါတယ်။ ရှိနေမှာ လက်နက်ကြီး အကြွင်းအကျန်တွေက။ အဲဒါတွေ တွေ့ရင်

ထိတွေ့ကိုင်တွယ်တာ၊အနားကို ကပ်ကြည့်တာ၊ အနီးအနား သွားလာတာ လုံးဝမပြုလုပ်ကြဘဲ သက်ဆိုင်ရာ ရှင်းလင်းရေး အဖွဲ့ကို ဆက်သွယ် အကြောင်းကြား ပေးကြပါရန် သတိပေးလိုပါတယ်” ဟု မိုင်းရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကလေးမြို့ အနောက်တောင်ဘက် စက္ကန့်ကျေးရွာအတွင်း ဩဂုတ် ၁၀ ‌ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကြောင်းထိုး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာမှ မပေါက်ကွဲသေးသည့် လက်နက်ကြီးကို တွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article