Khit Thit သတင်းဌာန၏ ဩဂုတ် ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီကို ပို့ကုန်ရငွေ တွေ မအပ်တဲ့ စီးပွားရေးသများတွေကို ထောင်ဒဏ် ၃၅ နှစ် အထိ ချပစ်မယ်ဆိုပြီး ၊ စီးပွားရေးအသိုင်းဝိုင်းတစ်ခုလုံးကို အစည်းဝေးခေါ်ပြီး ခြိမ်းခြောက် နေတယ် လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
– မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မြေလတ်ကျေးရွာအနီးက ဓာတ်ငွေ့ပိုက်လိုင်းထိန်းချုပ်တဲ့ နေရာမှာ စခန်းချထားတဲ့ အကြမ်းဖက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝင်ရောက် တိုက် ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေသွားတယ်လို့ ချင်းကာကွယ်ရေးတပ် (CDF-အရှို ) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
– တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်တွေနဲ့ သတင်းစုဆောင်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
