26 C
Yangon

ကနီတွင် ၃ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ စစ်သား အလောင်း ၁ လောင်းနှင့် အသုံးအဆောင် ပစ္စည်း တချို့ သိမ်းဆည်ရရှိ

Must read

ကနီတွင် ၃ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူများပြား၊ စစ်သား အလောင်း ၁ လောင်းနှင့် အသုံးအဆောင် ပစ္စည်း တချို့ သိမ်းဆည်ရရှိ

ရန်ကုန်၊ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ၃ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားကြောင်း Monywa Underground Guerrilla Force (MUGF) Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က စတင်ကာ ကနီမြို့နယ်၊နွားခြံကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က သစ်ကွင်းများထဲမှ သစ်များကို သယ်ဆောင်ရန် တပ်ဖြန့်ပြီး နွားခြံကုန်းရွာ၌ အထိုင်ချထားခြင်းဖြစ်ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲများသည် သြဂုတ်လ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ဘန့်ဘွေးပျူရွာသို့ အင်အားဖြည့်တင်းရန် သွားရောက်စဥ် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

“အသေအပျောက်စာရင်းကတော့ အတိအကျမသိရသေးဘူး စုံစမ်းနေတုန်းပါ။ ကြားရသလောက်ကတော့ စစ်ခွေး အလောင်းတွေကို မြစ်ထဲမျောချထားတာတွေကော ၊ စစ်သင်္ချိုင်းမှာ သဂြိုလ်တာတွေကောရှိတယ်။ စစ်ခွေး အလောင်း ၁ လောင်းနဲ့ အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်ရရှိတယ်” ဟု Monywa Underground Guerrilla Force (MUGF) Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Underground Guerrilla Force (MUGF) Local PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ပြီး စစ်သား အလောင်း ၁ လောင်းနှင့် အသုံးအဆောင် ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article