36 C
Yangon

မြင်းမူမြို့နယ်ရှိ မူးမန္တလေးရွာနှင့် ပုလောမြို့နယ်ရှိ လက္ကူးရွာ တို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

မြင်းမူမြို့နယ်ရှိ မူးမန္တလေးရွာနှင့် ပုလောမြို့နယ်ရှိ လက္ကူးရွာ တို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဩဂုတ် ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို ပစ်ခတ်ခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် မူးမန္တလေးရွာ မြောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရေချိုးနေသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို ထိမှန်ကာ ခြေထောက် ၂ ဖက်ပြတ်ထွက်သွားပြီး ခါးပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ လက္ကူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွားအို ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။

သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလောမြို့နယ်ရှိ လက္ကူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးကျည် ၂ လုံးပစ်ထည့်ခဲ့ပြီး အသက် ၇၂ နှစ်အရွယ် အဘွားအို၏ နေအိမ်ဘေးကို လက်နက်ကြီးကျည် ကျရောက်ကာ အဖွားအိုကို ကျည်စထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုတွေကြောင့် ၃ ရက်အတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦးဆေးရုံ တင်ထားရကြောင်း၊ ထို့ပြင် ပုလောမြို့နယ်အတွင်းရှိ ကျောင်းနိမ့်ရွာ၊ ပဝတ်ဖျားရွာ၊ ဂျင့်ဂါရွာ၊ ပိတပ်ရွာ၊ နန်းတောင်ရွာ၊ မြဒေါင်ရွာ၊ တန်းရှင်းရွာ စသည့် ကျေးရွာများမှ ပြည်သူများလည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရှိရသည်။

သြဂုတ်လ ၉ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ဇရပ်ဆိပ်ရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၂ ဦး ဦးခေါင်းနှင့် တင်ပါးကို ကျည်စထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article