25 C
Yangon

တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်းနှင့် နှင်းဆီလမ်းအကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုကာ အတင်းအဓမ္မဖျက်သိမ်း

Must read

တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်းနှင့် နှင်းဆီလမ်းအကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုကာ အတင်းအဓမ္မဖျက်သိမ်း

ရန်ကုန်၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်း နှင့် နှင်းဆီလမ်းအကြားတွင် ဆောက်လုပ်ရေးဝန်ထမ်းသက်သာဆိုင်ခန်းများ ဆောက်လုပ်၍ ဝန်ကြီးဌာနက ပြည်သူများထံသို့ အဆမတန်စျေးနှုန်းများဖြင့် ရောင်းချခဲ့သော်လည်း စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်သိမ်း ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရှိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းသက်သာဆိုင်ခန်းများဆောက်လုပ် ရောင်းချထားသည်မှာ ၂၅ နှစ်ရှိနေပြီ ဖြစ်ပြီး ဩဂုတ် ၂၀ ရက်နေ့ကို နောက်ဆုံး ရက် သတ်မှတ်ကာ ဆိုင်ခန်းပေါင်း ၅၅ ခန်းကို ဖျက်သိမ်းခဲ့ကြောင်း၊ ဆိုင်ခန်း များ ကို ပြည်သူများက စျေးကွက်ပေါက်စျေး ပေး၍ ဝယ်ယူခဲ့ရသော် လည်း ဖျက်ဆီးချိန်တွင် လျှော်ကြေး မပေးဘဲ အတင်းအဓမ္မ ဖျက်သိမ်းခဲ့ ခြင်းဖြစ် ကြောင်း ဆိုင်ခန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းနှင့် အပေါင်း အပါများ၊ မြို့နယ် EE ၊ CE မြို့နယ်အင်ဂျင်နီယာနှင့် တိုင်းအင်ဂျင် နီယာ တို့ ပူပေါင်းကာ ဆိုင်ခန်းဖျက်သိမ်းခဲ့ကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များကို ဆင့်ခေါ်ခြင်း သတိပေးခြင်းမရှိဘဲ တစ်ဖက်သတ်အမိန့်ချမှတ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုင်ခန်းရှင်များက ပြောဆိုသည်။

“ဆိုင်ခန်းတွေကို သူတို့ကိုယ်တိုင် စာချုပ်စာတမ်းနဲ့ရောင်းပြီး ပြန်သိမ်းတော့ ကျူးကျော်ဆိုပြီး ခေါင်စဉ်တပ်ပြီး ဖျက်တယ်။ ငွေပြန်အမ်းမယ်ပြောပြီး မအမ်း တဲ့အပြင် ကိုယ်ဝယ်ထားတဲ့ နာမည်ပေါက် မီတာပေါက်တောင် ဖြုတ် သိမ်း သွားတယ်”ဟု ဆိုင်ခန်းဖျက်သိမ်းခံရသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article