26 C
Yangon

အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုကျော်လွှားရေး စစ်ကောင်စီက အိန္ဒိယ၊ ထိုင်း တို့နှင့် ဆက်သွယ်၍ နိုင်ငံခြားငွေစာရင်း ဘဏ်အကောင့်များ ဖွင့်လှစ် လည်ပတ် ရေး လုပ်ဆောင်နေ

Must read

အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုကျော်လွှားရေး စစ်ကောင်စီက အိန္ဒိယ၊ ထိုင်း တို့နှင့် ဆက်သွယ်၍ နိုင်ငံခြားငွေစာရင်း ဘဏ်အကောင့်များ ဖွင့်လှစ် လည်ပတ် ရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားရေးအတွက် အိန္ဒိယ၊ ထိုင်းတို့နှင့် ဆက်သွယ်၍ နိုင်ငံခြားဘဏ်ငွေစာရင်းများ ဖွင့်လှစ် လည်ပတ်ရေး လုပ် ဆောင် နေကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆို လိုက်သည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေး သမားများနှင့် စစ်ကောင်စီတာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သော စီးပွားရေးသမား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုက MFTB မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်၊ MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ အရေးယူထားကြောင်း၊ ထိုသို့ အရေးယူထားသည့်အတွက် စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်တို့က မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားငွေဘဏ်စာရင်း အကောင့် များကို ပိတ်ပင်ထိန်းချုပ်လာကြောင်း၊ ထိုသို့ ထိန်းချုပ်မှုအတွက် အလွန် စိတ် ဆိုး ပြီး ထိပ်တိုက် ရင်ဆိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို စော်ကား ခြင်းဖြစ် ပြီး နိုင်ငံအချင်းချင်း ဘဏ်များကို လက်လွတ်စပယ် လုပ်ချင်တိုင်း လုပ်မရ ကြောင်း စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြောဆိုခဲ့ သည်ဟု သိရှိရသည်။

“စင်ကာပူနိုင်ငံက မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ဘဏ်အကောင့်တွေကို ပိတ်ပင်လိုက်တာ၊ ဘင်္ဂလားဒေ့ရှ်က စစ်တပ်ဘဏ် ၂ ခုကို ပိတ်ပင်တာတွေကို သူတို့ အရမ်းစိတ်ဆိုးတယ်ပေါ့။ ဒါက နိုင်ငံတော်အပေါ်ပါ စော်ကားတာ။ နိုင်ငံ အချင်းချင်းလက်လွတ် စပယ် လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ဒါကြောင့် ထိပ် တိုက် ရင်ဆိုင်မယ်လို့ ပြောတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော စီးပွားရေး သမားတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့်လက်ရှိတွင် မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီအတွက် နိုင်ငံခြားဘဏ်ငွေစာရင်းများ ဖွင့်လှည်လည်ပတ် လုပ်ကိုင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

“စစ်ကောင်စီ ဗဟိုဘဏ်က အိန္ဒိယ ထိုင်းတို့နဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံခြား ဘဏ်အကောင့်များ ပြန်လည် လည်ပတ်စေရေး လိုက်လုပ်ပေးနေတယ်။ နောက်တစ်ခါ အိန္ဒိယဘက်မှ ဆေးဝါးနှင့်ဓါတ်မြေဩဇာ သွင်းရန် ဆက်သွယ် ထားတယ်လို့ ထုတ်ပြောတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော စီးပွားရေးသမားက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article