Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားရေးအတွက် အိန္ဒိယနဲ့ထိုင်းတို့နဲ့ဆက်သွယ်ပြီး နိုင်ငံခြားဘဏ်ငွေစာရင်းတွေ ဖွင့်လှစ်လည်ပတ်ရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာ ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၃ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။