31 C
Yangon

ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်

Must read

ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်

ရန်ကုန်၊ သြဂုတ် ၂၂

ကရင်နီပြည်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ က အကြမ်းဖက် စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ဆုချီးမြှင့်မည်ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ် နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင် နှင့်NUG ဘဏ္ဍာရေးနှင့်စီမံကိန်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်ဆွေးနွေးသည့် “ဘီလီယံပေါင်း ၂ သောင်းရိုက်ထုတ်အပြီး တကျော့ပြန် စူဇကာစစ်ဆင်ရေးနဲ့ ခေတ်ပျက်သူဌေးတွေရဲ့ အနာဂတ်” နွေဦးတော်လှန်ရေး စကားဝိုင်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း စကားဝိုင်းတွင် ဦးမင်းကိုနိုင်က ကရင်နီပြည်၌ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက တင့်ကား ၁ စီး သိမ်းဆည်းရရှိခြင်းကို NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် ဂုဏ်ပြုချီးမြှင့်ရန် အဆင်သင့်ရှိမရှိမေးမြန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ပေးမှာပါ ပေးဖို့လည်း အလုံအလောက်ရှိတယ်။ ရှေ့မှာလည်ါ် ကျနော်တို့ ချင်းပြည်နယ်မှာဆိုရင်လည်း တင့်ကား ၂ စီး ဖျက်ဆီးနိုင်တဲ့အတွက် ဆိုပြီးတော့ ကျွန်တော်တို့ပေးခဲ့ပါတယ်။ ငွေအတွက်နဲ့ကတော့ အနေ ခက်မနေနဲ့လို့ ပြောရမှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆုချီးမြှင့်တဲ့ ကိစ္စကတော့ အပြည့်အဝ တာဝန်ယူပါတယ်။ ပိုက်ဆံလည်းရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောဆိုခဲ့သည်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးကို ဧပြီလ ၁၃ ရက်နေ့တွင် CNA၊ CDF ပူးပေါင်းအဖွဲ့က ဖျက်ဆီးနိုင်ခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့တွင် NUG အစိုးရက ငွေကျပ် သိန်း ၄၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ယခုနှစ် ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးနှင့် ယာဥ်တန်းကို တိုက်ခိုက် ဖျက်ဆီးခဲ့စဉ်။

ယခုနှစ် ဧပြီလ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ သံချပ်ကာ ကား ၂ စီးနှင့် ယာဥ်တန်းကို တိုက်ခိုက် ဖျက်ဆီးခဲ့စဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article