26 C
Yangon

ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ

Must read

ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ သြဂုတ် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ ဝေါ်လေကျေးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်ခန့်တွင် ပြောင်းဖူးစိုက်ခင်းသို့ သွားသည့် ဝေါ်လေကျေးရွာသူ ၂ ဦးကို အကြမ်းဖက် စစ်တပ်၏ ခမရ-၅၅၉ ဝေါ်လေဗျူဟာမှ စစ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေါ်လေကျေးရွာနေမှ အသက် ၄၀ နှစ်အရွယ် နော်ဖါးကလေးနှင့် အသက် ၁၈ နှစ်အရွယ် နော်ဖေါအယ် တို့ ၂ ဦး ပြောင်းဖူး စိုက်ခင်းသို့သွားရောက်စဥ် အကြမ်းဖက် စစ်တပ်မှ စစ်သားများက လှမ်းခေါ်သောကြောင့် ကြောက်လန့်၍ ထွက်ပြေးစဥ် အကြမ်းဖက် စစ်သားများက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article