30 C
Yangon

MFTB နှင့် MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ အတွက် နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် လုပ်ငန်း များ ထိခိုက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဝန်ခံ

Must read

MFTB နှင့် MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ အတွက် နိုင်ငံခြားငွေရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် လုပ်ငန်း များ ထိခိုက်နေကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဝန်ခံ

ရန်ကုန်၊ ဩဂုတ် ၂၃

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်-MFTB နှင့် MICB- မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် ရေးဘဏ်တို့အပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူလိုက်မှုသည် ထိခိုက်မှုများစွာ ကြုံတွေ့ နေရ ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယမန်နေ့ နေပြည်တော်သတင်းစာရှင်းလင်း ပွဲ တွင် ဝန်ခံ ပြောဆိုလိုက်သည်။

ဩဂုတ်လ ၅ ရက်နေ့မှ စတင် အသက်ဝင်လာသော အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုသည် တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ကြောင်း၊ ပိတ်ဆို့သည့် အကြောင်း အရင်းများသည် ခိုင်မာမှု မရှိကြောင်း၊ လက်ရှိတွင် စစ်ကောင်စီအတွက် နိုင်ငံ ခြား ငွေ ရရှိမှု၊ နိုင်ငံခြားငွေ သုံးစွဲမှု ၊ ပို့ကုန်သွင်းကုန် တင်ပို့မှု နှင့်တင် သွင်း မှု များ အပါအဝင် နိုင်ငံခြားငွေနှင့်ဆက်စပ်သော လုပ်ငန်းများအားလုံး ထိခိုက် နေကြောင်း ၎င်းက ဆိုသည်။

“အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံပိုင် ဘဏ် ၂ ခုအပေါ် ယခုလို ထုတ်ပြန်ခဲ့တာဟာ တစ်ဖက်သတ်ပိတ်ဆို့မှုဖြစ်ပါတယ်။ ပိတ်ဆို့တဲ့ အကြောင်း အရင်း များ ကလည်း ခိုင်မာမှုမရှိပါဘူး။ MFTB ဘဏ်က အစိုးရနဲ့ ပုဂ္ဂလိက နိုင် ငံ ခြားငွေလုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ဘဏ် ဖြစ်ပြီးတော့ MICB ပုဂ္ဂလိက များရဲ့ နိုင်ငံခြား ငွေများကို ဆောင်ရွက်ပေးနေတဲ့ဘဏ်ဖြစ်ပါတယ်။ ၎င်းတို့ ကို ပိတ်ဆို့ ခြင်းအားဖြင့် နိုင်ငံတော်နဲ့ ပြည်သူများအတွက် ဆောင်ရွက် ပေးလျက် ရှိတဲ့ ပညာရေး ကျန်းမာရေး အခြေခံ အဆောက်အအုံ တည် ဆောက် ရေး ကိစ္စရပ် များအပါအဝင် နိုင်ငံခြား ငွေရရှိမှု၊ သုံးစွဲမှုများကို သက် ရောက်စေတဲ့အပြင် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များ၊ နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှု ရယူသူ၊ ဌာန၊ အဖွဲ့ အစည်း များကိုလည်းပဲ ထိခိုက်စေပါတယ်။ ဒီပိတ်ဆို့မှု အပေါ် မှာလည်း နိုင်ငံ အလိုက် သက်ဆိုင်ရာ ဘဏ်အလိုက် အဓိ ပ္ပာယ် ကောက်မှု မတူကြဘဲ အမျိုးမျိုး လိုရာ ဆွဲပြီးတော့ ကောက်ယူကြ တဲ့ အနေအထားလည်းတွေ့ရပါတယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ခံ ပြောဆိုသည်။

အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် လက်ရှိတွင် စစ်ကောင်စီက အိန္ဒိယနှင့် ထိုင်း နိုင်ငံ တွင် နိုင်ငံခြားငွေစာရင်းများဖွင့်လှစ်၍ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဗဟိုဘဏ်နှင့် ဝန်ကြီးဌာနများက ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်း။

Photo – Local News Agency။

စီမံ/ဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article