28 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-MFTB နဲ့ MICB ဘဏ် ၂ ခု အပေါ် အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံခြားငွေရရှိမှု၊ သုံးစွဲမှုနဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်းတွေ ထိခိုက်မှုများစွာကြုံနေရတယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးမောင်မောင်ဝင်း က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုလိုက်ပါတယ်။

– စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား အယောက် ၃၀ ဝန်းကျင်လိုက်ပါလာတဲ့ ၁၂ ဘီးကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ် အပါအဝင် ၁၇ ဦး သေသွားတယ်လို့ Danger Force LPDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။

– ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာရှိတဲ့ ရေပြာ-ရွာ နဲ့ သနပ်ကွင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူတွေကို ရွာထဲကနေ နှင်ထုတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article