38 C
Yangon

အင်းတော်မြို့နယ်တွင် စစ်တပ်၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ်

Must read

အင်းတော်မြို့နယ်တွင် စစ်တပ်၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ်

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ် ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ အဆိုပါပြည်သူ ၄ ဦးကို အင်းတော်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူများမှာ မုံရွာနှင့်မြစ်ကြီးနား ခရီးသည်တင် ယာဉ် မောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ ထီးချိုင့်မြို့နယ်မှ ကိုကျော်စွာဝင်း(ခ)ကျော်စွာ၊ မမြင့်မြင့်အေး (ခ) အေးအေးနှင့် အင်းတော်မြို့၊ ရေတွင်းကုန်းရပ်ကွက်နေ အောင်ကျော်ကျော်မိုး(ခ)လားလားတို့ဖြစ် ကြောင်း သိရသည်။

“ပြင်ပကလူတွေက ခရီးသွားလာရင်းဖမ်းခံလိုက်ရတာ၊ မုံရွာ -မြစ်ကြီးနားခရီးသည်တင်ယာဉ်မောင်းတဲ့သူလည်းပါတယ်၊ အခုလောလောဆယ်တော့ တခြားဆီကို ပို့ထားတယ်လို့ မကြားမိသေးဘူးဗျ၊ တ ကယ်လို့ ပို့မယ်ဆိုရင်တော့ ကသာထောင်ကို ပို့လောက်တယ်၊ သေဒဏ်ချတာကတော့ ဒါပထမ ဆုံးပဲဗျ၊ အဓိကတော့ အင်းတော်က နယ် စပ်လည်းဖြစ်တယ်၊ ကသာသွားလို့ရတယ်၊ ထီးချိုင့်သွား လို့လည်းရ တယ်၊ ဗန်းမောက်သွားလို့လည်းရတယ်၊ KIA နဲ့လည်းအနီးဆုံးနီးတဲ့နေရာမှာရှိတယ် ဆိုတာ့ ပြည်သူ တွေကြောက်အောင်ခြောက်တဲ့သဘောလုပ်တယ်လို့ မြင်ပါတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သုံးသပ်ပြောကြားသည်။

ခရီးသည်တင်ယာဉ်မောင်း ကိုဇော်မျိုးထွန်း(ခ)တိုနီမှာ ပြီးခဲ့သည့် ဧပြီလပိုင်းက ကားမောင်းရင်း အင်း တော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသူဖြစ်ကြောင်း၊ ကိုကျော်စွာဝင်း(ခ) ကျော်စွာနှင့် မမြင့်မြင့်အေး (ခ) မအေးအေးနှင့် ကိုအောင်ကျော်ကျော်(ခ)လားလားတို့ မှာ ဇွန်လပိုင်းခန့်က အင်းတော်မြို့ထဲ၌ ဖမ်း ဆီးခံရသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၄ ဦးစလုံးကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၈ရက်နေ့တွင် ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး အင်းတော်မြို့နယ်တွင် ပထမဆုံးချမှတ်သည့် သေဒဏ်ဖြစ်ကြောင်း သိရသည်။

အင်းတော်မြို့နယ်တွင် အကြမ်းဖက်စ်သားများမှ ပြည်သူများကို နေ့စဉ်နှင့် အမျှ လိုက်လံဖမ်းဆီး လျက်ရှိပြီး တစ်သက် တစ်ကျွန်း ချမှတ်ခံရသည့်ပြည်သူများမှာ ၁၀ ဦး ထက်မနည်းရှိကြောင်း၊ အင်းတော်မြို့ ပေါ်နှင့် အင်းတော်မြို့အဝင်အထွက်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဖုန်းများ၊ Message များ ဓာတ်ပုံများပါ စစ်ဆေးလျက်ရှိနေပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘ ပြည် သူများအနေဖြင့် အထူးဂရုစိုက်သွားလာကြပါရန် Indaw Revolution – IR မှ အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article