တနင်္သာရီမြို့နယ်ရှိ NUG အစိုးရ ထိန်းချုပ်နယ်မြေအတွင်း မိုးရာသီ ဘောလုံးပြိုင်ပွဲပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၃
တနင်္သာရီမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေအတွင်း ကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံး ပြိုင်ပွဲကို သြဂုတ်လ ၁၃ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၆ သင်း ပါဝင်ကြောင်း သိရှိရသည်။

