Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်တပ် လက်အောက်မှာ တာဝန် မထမ်းဆောင်လိုတာကြောင့် ၄ လတာအတွင်း ထွက်ပြေး လာတဲ့စစ်သား ၅၀၀ နီးပါးရှိတယ်လို့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
-KNU ဒူးပလာယာခရိုင်မှာ BGF မှ တပ်သား ၁ ဦး KNLA – ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ဖြင့် အလင်းဝင် လာတာကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားပါတယ်။
-မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရာမှာ အကြမ်းဖက်စစ်တပ်နဲ့သာ ဆက်ဆံမှု မပြုဘဲ NUG အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ တန်းတူဆက်ဆံဖို့ UNOCHA မှ Mr Martin Griffiths ကို NUG ပြည်ထောင်စုဝန်ကြီးတွေက အွန်လိုင်း တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
– ကုလသမဂ္ဂ UNOCHA အကြီးအကဲရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ထိရောက် အောင် မြင်မှုမရှိဘဲ စစ်တပ်ရဲ့ ဝါဒဖြန့်မှုအဖြစ် အသုံးချခံနေရလို့ မြန်မာ အရပ် ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ကန့်ကွက်လိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။