32 C
Yangon

မင်းတုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံး

Must read

မင်းတုန်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာနှင့် ရွာသစ်ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက် စစ်သား ၁၅ ဦးကျော်သေဆုံးခဲ့ကြောင်း သရက် ခရိုင် တပ်ရင်း ၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ် ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မင်းတုန်းမြို့နယ်၊ ကြို့ဝ ကျေးရွာမှ ရွာသစ်ကျေးရွာဘက် သို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ခန့်ပါ ရှေ့ပြေးအကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ် ခိုက်ခဲ့ရာ ၂ နာရီမိနစ် ၄၀ ခန့်အကြာ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များက တိုက်ခိုက်သည့် မိုင်းထိခြင်း၊ လက်နက်ကြီး၊ လက် နက်ငယ် ထိမှန်ခြင်းတို့အပြင် နောက်ချန်အင် အားမှ ပစ်ကူပေးသော လက်နက်ကြီးမှာ အကြမ်းဖက်စစ်သားများပေါ်သို့ တည့်တည့်ကျရောက်ပေါက် ကွဲပြီး စစ်သား အများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့နဂိုထွက်လာတာက သရက်မြို့ ကပစ ၁၂ ကနေထွက်လာတာ၊ တစ်ဖွဲ့ ကို အင်အား ၇၀ ၊ ၈၀ ပတ် ဝန်း ကျင်နဲ့ စစ်ကြောင်းက ၃ ကြောင်းထွက်လာတာ၊ ကျနော်တို့ဘက်ကတော့ ကြို့ဝဘက်ကနေ ရွာ သစ်ကျေးရွာဘက်ကို ဝင်လာ တဲ့အချိန် သတင်းအရ စောင့်ကြိုပြီးတော့ တိုက်ခိုက်ခဲ့တာပါ၊ သူတို့က နောက် က နေ လက်နက်ကြီးပစ်ကူနဲ့ ရှေ့ပြေးစစ်ကြောင်းထိုးဝင်လာတာ၊ ဖောကား ၂ စီးရယ်၊ လမ်း လျှောက်လည်းပါတယ်၊ စစ်ကြောင်းပုံစံမျိုး ဝင်လာတာ၊ ရှေ့ ကနေ ဝင်လာတာကလည်း အင်အား ၇၀ လောက်ရှိမယ်၊ နောက်ချန် ကလည်း အင်အား ၇၀ လောက် ပတ်ဝန်းကျင်လောက်ပဲ၊ ရှေ့ပြေးဝင်လာတဲ့ အဖွဲ့ကို ကျနော်တို့ဘက်က မိုင်းဆွဲတယ်၊ ၄၀ မမနဲ့လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ” ဟု သရက်ခရိုင် တပ်ရင်း ၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၄ ၊ ကျောင်းသားလက်ရုံးတပ် တော် (SAF) နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည် တော်များအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့ဘက်က သေဆုံးတာတော့ တိုက်ပွဲအတွင်းမှာ ၁၅ ယောက်လောက် ကတော့ မြင်ခဲ့တယ်၊ သူတို့ပစ် လိုက်တဲ့ လက်နက်ကြီးက သူတို့အပေါ်ပြန်ကျ တာတွေရှိတယ်၊အသေအပျောက်တွေက ပိုပြီးတော့ များ သွားတွေက အဲဒါ ကြောင့် ပါတယ်၊ ကျနော်တို့ခန်းမှန်းကတော့ အစိတ် ၃၀ ကတော့ သေချာတယ်၊ အရပ် သားပြည်သူတွေရဲ့ သတင်းပေးချက်အရတော့ ၅၀ နီးနီးလောက် သေတယ်၊ မင်းတုန်းဆေးရုံကိုလည်း ပေါင်ပြတ်၊ လက်ပြတ်နှစ်ယောက် လောက် ရောက်လာတယ်၊ ၅ မိုင်ပတ်ဝန်းကျင်မှာ ဘက်ဟိုးနဲ့တူးပြီး သင်္ဂြိုလ် တယ်လို့ ကြားရတယ်၊” ဟု သရက်ခရိုင်တပ်ရင်း ၄ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားမှု ကြာမြင့်လာသည်နှင့်အမျှ လက် နက် ခဲယမ်းအားနည်းလာသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ ကြောင်း၊ ယင်းအကြမ်း ဖက်စစ်ကြောင်းသည် ရွာသစ်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီး ထွက်ပြေး နိုင်ခြင်းမရှိ သည့် အပြစ်မဲ့ရွာသူ၊ ရွာသားများကို ဖမ်းဆီးနှိပ်စက် မေးမြန်း နေသည့် အပြင် ပြည်သူ့နေအိမ် များအတွင်း ရှိ ပစ္စည်းများကို ခိုးယူ ဖျက်ဆီး နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article