32 C
Yangon

ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

Must read

ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

ရန်ကုန်၊ ဩဂုတ် ၂၄

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင်သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၃ ရက်နေ့ ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာကို စစ်ကောင်စီ၏ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် မှုကြောင့် ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၁၀ နှစ်အရွယ်၊ အသက် ၉ နှစ် အရွယ် နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရသည့် အခြေ အနေရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့များမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားပြည်သူ များ နေထိုင်ရာ ကျေးရွာများသို့ မကြာခဏ လက် နက် ကြီးများဖြင့် ပစ်ခတ် ခြင်း ၊ ဒရုန်းဖြင့် လာရောက်ဗုံးကျဲခြင်းများ ပြုလုပ်၍ အရပ်သားများကို ရန်သူ အ ဖြစ် ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်၍ စစ်ရာဇဝတ်မှုများကို ပေါ် ပေါ်ထင်ထင် ကျူးလွန်လျက်ရှိသည်ဟု KNDF က ထုတ်ပြန်ကြေညာ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article