32 C
Yangon

ဝက်လက်မြို့နယ်ရှိ ထန်းကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား

Must read

ဝက်လက်မြို့နယ်ရှိ ထန်းကြီးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင် ဆရာတိုးကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်းကြီးကျေးရွာရှိ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း​ကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ရထားလမ်းပိုင်းကို ဒီကောင်တွေစိုးမိုးရေးပြန်ရချင်လို့ အကြောင်းမဲ့ကို ရထားလမ်းအနီးကရွာတွေကို လိုက်မီးရှို့နေတာ တိုက်ပွဲဖြစ်လို့ ရွာကို မီးရှို့တာမဟုတ်ဘူး။ ရွာကို မီးရှို့လို့ ကျွန်တော်တို့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ ခွေးတွေဘက်က အထိခိုက်လည်း အတိကျတော့ မသိရသေးဘူး။ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေ ဘက်ကတော့အထိခိုက်မရှိဘူး။ ထန်းကြီးရွာသား ၂ ဦးကတော့ ရွာမီးလောင်လို့ မီးငြိမ်းရအောင် ပြန်တာကို စစ်ကောင်စီက သေနတ်နဲ့ ပစ်လို့ ဒဏ်ရာရသူ ၂ ဦးတော့ရှိတယ်။ စစ်ကောင်စီတွေက လက်ရှိအချိန်အထိ ရွာထဲက မထွက်သေးတာကြောင့် မီးလောင်ဆုံးရှုံးတဲ့ အိမ်အလုံးအရေးအတွက်ကတော့ အတိကျမပြောနိုင်သေးဘူး” ဟု ဒေသ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆရာတိုးကြီးက ပြောဆိုသည်။

အဆိုပါ ထန်းကြီးရွာကို မီးရှို့ပျက်စီးသည့် အကြမ်းဖက် စစ်တပ်သည် ပဒူကျေးရွာမှ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဝင်ရောက်မီးရှို့နေသည့် ထန်းကြီးရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်းသိရသည်။

ထန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒေသပြည်သူများသည် စစ်ကြောင်းလာသည့် ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက စစ်ဘေးရှောင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် စစ်ကိုင်းမြို့နယ်မှ စာရေး၊ ရွာသစ်၊ ကျောက်ပန္နံ၊ ကန်ကြီးကုန်း၊ ပဒူ၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော၊ ကျောင်းဖြူစသည့် ကျေးရွာများနှင့် ဝက်လက်မြို့နယ်မှ ထန်းကြီး၊ ပါယ်သူကြီး စသည့် ကျေးရွာများ တိမ်းရှောင်နေရကာ စားနပ်ရိက္ခာနှင့် ကျန်မာရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article