27 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ အမှုဆင်ရာတွင် အဓိက ကျသည့် မင်းအောင်လှိုင် လက်ကိုင်တုတ် စသုံးလုံး ဌာန အရာရှိများ

Must read

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံ အမှုဆင်ရာတွင် အဓိက ကျသည့် မင်းအောင်လှိုင် လက်ကိုင်တုတ် စသုံးလုံး ဌာန အရာရှိများ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့ကို မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင်ဖမ်းဆီးပြီး လုပ် ကြံ အမှုဆင် တရားစွဲရန် မင်းအောင်လှိုင်က စစ်တပ် နှင့် ပြည်ထဲရေး ဝန်ကြီး ဌာန ကို ညွှန်ကြားခဲ့သည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ်(ယခု အစိုးရအဖွဲ့ရုံး ဝန်ကြီး) နှင့် စစ်တိုင်းမှူး များ က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် နှင့် သမ္မတဦးဝင်းမြင့်တို့ကို အမှုဆင် လုပ်ကြံရန် အတွက် အထူးစုံစမ်းစစ် ဆေးရေး ဦးစီးဌာနတစ်ခုလုံးကို တာဝန်ပေးအပ်ခဲ့ရာ တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အဓိက လုပ်ကြံ ဇတ်လမ်း ဆင် အမှု တည် ဆောက်သူ စသုံးလုံး အရာရှိများ အကြောင်းကို အဓိက ဖော်ပြ လိုက်ပါသည်။

ရဟတ်ယာဉ်ဝယ်ယူမှုအတွက် လုပ်ကြံအမှုတည်ဆောက်ခဲ့သည့် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်

===========================================

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ် တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

ထိုအမှုအတွက် အဖွဲ့ခေါင်းဆောင်အဖြစ် စသုံးလုံး ညွှန်မှူး မောင်မောင်မြင့်ကို တာဝန်ပေးအပ်သူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် (ယခု အစိုးရအဖွဲ့ရုံးဝန်ကြီး) ဖြစ်ပြီး ရဟတ်ယာဉ် ဝယ်ယူမှုကိစ္စ လိမ်လည် အမှုဆင်ရန် အတွက် အထူး စုံစမ်း စစ်ဆေးရေးဌာနမှ အရာရှိနှင့်ဝန်ထမ်း ၁၉ ဦးကို အသုံးပြုခဲ့သည်။

ရဟတ်ယာဉ်အမှုအတွက် လုပ်ကြံ အမှုဆင်ခဲ့သည့် အဖွဲ့တွင် ခေါင်းဆောင် စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်နှင့်အတူ ရှမ်းပြည်နယ် အထူး စုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း ၄ ဦး၊ အမှုထမ်း ၃ ဦး၊ စစ်ကိုင်းတိုင်း စသုံး လုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး၊ တနင်္သာရီတိုင်း စသုံးလုံး အရာထမ်း ၃ ဦး၊ အမှုထမ်း ၁ ဦး၊ မကွေးတိုင်းစသုံးလုံးမှ အရာထမ်း ၂ ဦး၊ အမှုထမ်း ၂ ဦး စုစု ပေါင်း ၁၉ ဦးပါဝင်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို စိစစ် လိမ်လည် အမှုဆင်ခဲ့သူ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး

===========================================

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည် အမှုဆင်တည်ဆောက်ခဲ့သည့်အဖွဲ့ကို စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦးက ဦးဆောင်သည်။

ထိုအမှုအတွက် စသုံးလုံး စိုးနောင်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး အပ်သူမှာ ရန်ကုန်တိုင်း စစ်တိုင်းမှူး ညွန့်ဝင်းဆွေ (ယခုဒုတိယဗိုလ်ချုပ်ကြီး) ဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုကို လိမ်လည် အမှုတည်ဆောက်ခဲ့ သည့် အဖွဲ့တွင် စသုံးလုံးညွှန်မှူး စိုးနောင်ဦးနှင့်အတူ ရန်ကုန်တိုင်းစသုံးလုံးမှ အရာရှိ ၁၅ ဦး၊ အမှုထမ်း ၁၅ ဦး၊ မွန်ပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး၊ အမှုထမ်း ၁ ဦး ၊ ပဲခူးတိုင်းစသုံးလုံးမှ အရာရှိ ၄ ဦး၊ အမှုထမ်း ၅ ဦး ၊ ဧရာ၀တီတိုင်း စသုံးလုံးမှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၄ ဦး စုစုပေါင်း စသုံးလုံးအရာရှိနှင့်ဝန်ထမ်း ၄၇ ဦး ပါဝင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ် လည်သူ ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီးအရာရှိ အောင်မြတ်မိုး နှင့် ဦးစီးအရာရှိ မင်းထွေး

===========================================

ဒေါ်အောင်ဆန်းစုကြည်က လာဘ်ပေးလာဘ်ယူ လုပ်သည်ဟု အမှုဆင် လိမ် လည် အမှုတည် ဆောက် ရသူများမှာ စသုံးလုံး ဒုညွှန်ချုပ် သိန်းနိုင်ထွန်း၊ ဦးစီး အရာရှိ (စုံစမ်းရေး) အောင်မြတ်မိုး၊ ၊ ဦးစီးအရာရှိ(စုံစမ်းရေး) မင်းထွေးတို့ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူ လုပ် သည်ဟုဆိုကာ အမှုတည်ဆောက်ရန် အမိန့်ပေးသူမှာ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဖြစ်ပြီး သူက ဒုညွှန်ချုပ် သိန်းနိုင်ထွန်းကို တာဝန်ပေးအပ်သည်။

အသင်းအဖွဲ့ဆိုင်ရာ လာဘ်ပေးလာဘ်ယူကိစ္စများကို အဖွဲ့ခေါင်းဆောင် ဒုညွှန်ချုပ် သိန်းနိုင်ထွန်းနှင့်အတူ စသုံးလုံး ဦးစီးဌာနချုပ်မှ အရာရှိ ၁ ဦး ၊ အမှုထမ်း ၃ ဦး ၊ စသုံးလုံး သတင်း/နည်ပညာ အရာရှိ ၁၇ ဦး ၊ အမှုထမ်း ၃၃ ဦး ၊ ကယားပြည်နယ် စသုံးလုံးမှ အရာရှိ ၂ ဦး ၊ အမှုထမ်း ၁ ဦး စုစုပေါင်း စသုံးလုံး အရာရှိနှင့်ဝန်ထမ်း ၅၉ ဦး အသုံးပြုခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သော ငွေကြေးစီးဆင်းမှုဆိုင်ရာ အမှု လိမ်လည် တည်ဆောက်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ (စုံစမ်းရေး) အောင်မြတ်မိုးဖြစ်ပြီး NLD ပါတီ၏ ငွေကြေးစီးဆင်းမှု ဆိုင်ရာ စိစစ် လိမ်လည် အမှုတည်ဆောင်သူ အဖွဲ့ခေါင်းဆောင်မှာ ဦးစီးအရာရှိ မင်းထွေးဖြစ်သည်။

ဦးစီးအရာရှိ အောင်မြတ်မိုးသည် ရွေးကောက်ပွဲ မဲလက်မှတ်များ ပိုရိုက်နှက်ခြင်း ရှိမရှိဆိုသော အမှုတွင်လည်း စိစစ်ရသည့်အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ဦးစီးအရာရှိ အောင်မြတ်မိုးနှင့် မင်းထွေးတို့သည် စသုံးလုံး သတင်း/နည်းပညာ (ရန်ကုန်) မှအရာရှိ ၆ ဦးနှင့် အမှုထမ်း ၉ ဦး စုစုပေါင်း ၁၅ ဦးကို အသုံးပြုခဲ့ကြပြီး ၎င်းတို့နှစ်ဦးကို အမိန့်တာဝန်ပေးအပ်သူမှာ ရန်ကုန်တိုင်းစစ်တိုင်းမှူး ညွှန့်ဝင်း ဆွေဖြစ်သည်။

အဓိက ကျသည့် စသုံးလုံး ညွှန်ကြားရေးမှူးများ

=============================

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ကို မင်းအောင်လှိုင်က ဖမ်း ဆီးပြီးနောက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် က စသုံးလုံးဌာနထံသို့ လိမ်လည်လုပ်ကြံအမှုများ တည်ဆောက်ရန် အမိန့် ပေးခဲ့ရာတွင် အမှုဆင်များလုပ်ဆောင်ရာတွင် စသုံးလုံးဌာနမှ စိုးနောင်ဦး နှင့် မောင်မောင်မြင့်တို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွက် လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သည်ဟု လိမ်လည် အမှုဆင်တည်ဆောက်သူမှာ စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး ဖြစ်သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝ ဘေးကူညီကယ် ဆယ် ရေးအတွက် အသုံးပြုမည့် ရဟတ်ယာဥ် တစ်စီးဝယ်ယူမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ ကို အဂတိမှု ၂ မှုဖြင့် အမှုဆင် လုပ်ကြံရေး ဆောင်ရွက်ခဲ့သူမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး မောင်မောင်မြင့် ဖြစ် သည်။

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး

=======================

စသုံးလုံး ညွှန်ကြားရေးမှူး စိုးနောင်ဦး(အသက် ၅၀ နှစ်) သည် ၁၉၇၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့မှာ မွေးဖွားသူဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ဇာတိဖြစ်ပြီး ၁၉၉၀ ခုနှစ်၊ မေလတွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ် စဉ် ၃၆ ကို တက်ရောက်ခဲ့သည်။

၁၉၉၅ ခုနှစ်တွင် စစ်တက္ကသိုလ်ကျောင်းဆင်းပြီး ဒုဗိုလ်ရာထူးဖြင့် စစ်မှု ထမ်းခဲ့သည်။ ၂၀၀၅ ခုနှစ်မှာတော့ ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူပြီး ပြည်ထဲရေးဝန် ကြီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်လာပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်တို့တွင် ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်မှ ယနေ့အထိ စုံစမ်းရေးနှင့်ငွေကြေးဆိုင်ရာဌာန၊ ရန်ကုန်ရုံးတွင် ညွှန်ကြား ရေးမှူး အဖြစ် တာဝန်ယူနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို လိမ်လည် အမှုဆင်ရာတွင် ဦးဆောင်ပါဝင် ခဲ့ခြင်း ဖြစ်သည်။

စိုးနောင်ဦးသည် ညွှန်ချုပ်မောင်မောင်ကျော် အငြိမ်းစားယူပါက ဒုညွှန်ချုပ် အဖြစ် ရာထူးတိုးရန် အလားအလာကောင်း နေသူတစ်ဦးဖြစ်ကြောင်း သိရှိရ သည်။

စသုံးလုံးဌာန ညွှန်ကြားရေးမှူး စိုးနောင်ဦးတွင် ဇနီး ၊ သမီး၊ သား တို့ရှိပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် နေထိုင်ကြသည်။

စသုံးလုံး ညွှန်ကြားရေးမှူး မောင်မောင်မြင့်

==================================

မောင်မောင်မြင့်သည် ရှမ်းပြည်နယ်စသုံးလုံးဌာန၏ ညွှန်ကြားရေးမှူးဖြစ်ပြီး အသက် ၆၀ နှစ်ရှိနေပြီဖြစ်ကာ ၁၉၆၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မွေးဖွားသူဖြစ်သည်။

သတ္တဗေဒ သိပ္ပံဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၈၅ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ မြန်မာ့ရေလုပ်ငန်းတွင် လက် ထောက် သုတေသနမှူးအဖြစ် အလုပ်လုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် စသုံးလုံးဌာနသို့ ပြောင်းရွှေ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

စုံစမ်းရေးလက်ထောက်အဖြစ် ရန်ကုန်တိုင်းရုံးတွင် ၁၉၈၉ ခုနှစ် ၁၉၉၀ ခုနှစ်အထိလည်းကောင်း၊ ဒုတိယစုံစမ်းရေးမှူးအဖြစ် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်တွင်လည်းကောင်း ၊ စုံစမ်းရေးမှူးအဖြစ် တနင်္သာရီတိုင်းရုံးတွင် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လည်းကောင်း၊ ဦးစီးအရာရှိ (စုံစမ်းရေး) အဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ အထိလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ နှစ်အထိ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်ဆေးရေးဌာနတွင်လည်းကောင်း၊ ညွှန်ကြားရေးမှူး (ရှမ်းပြည်နယ်ရုံး) အဖြစ် ၂၀၂၀ ခုနှစ်မှ ယနေ့ အထိလည်းကောင်း တာဝန်ယူနေသူဖြစ်သည်။

ဇနီးဖြစ်သူမှာ ၎င်းထက် အသက် ၁ နှစ်ပို၍ ကြီးသူလည်းဖြစ်သည်။

ဓာတ်ပုံ- စသုံးလုံး ညွှန်ချုပ် မောင်မောင်ကျော်ဖြစ်ပြီး စသုံးလုံးဌာနတစ်ခုလုံး အတွက် တာဝန်ရှိသူဖြစ်သည်

စသုံးလုံး ညွှန်ချုပ် မောင်မောင်ကျော်ဖြစ်ပြီး စသုံးလုံးဌာနတစ်ခုလုံး အတွက် တာဝန်ရှိသူဖြစ်သည်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article