28 C
Yangon

အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကြံ့ဖွတ်ပါတီဝင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက် နံနက် ၉ နာရီခွဲခန့်က ဒေါင်းစပါးကျေးရွာအုပ်စု၊ ကွေ့ချောင်းကျေးရွာနေ ကြံဖွတ်ပါတီ အမာခံစည်းရုံးရေးမှူး မျိုးဇော်အောင်သည် ဒေါင်းစပါးအုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင် ခွင့်ရရှိရန် စစ်တပ် ထောက်တိုင်၊ ပျူစောထီး အဖြစ်ခံယူကာ တော်လှန်ရေး၊ တပ်ဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများကို သတင်းပေးဖမ်းဆီးခိုင်းခြင်းတို့ ပြုလုပ်နေပြီး ၎င်းကိုယ်တိုင် ဖွင့်လှစ်ရောင်းချနေသည့် အရက်ဆိုင်နှင့် ကပ်လျက် ကွမ်းယာဆိုင်ထဲ၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ မျိုးဇော်အောင်သည် ကြံ့ဖွတ်ပါတီ၏ အမာခံစည်းရုံးရေးမှူး တစ်ဦးဖြစ်ကာ CDM ပြုလုပ် သည့်ဝန်ထမ်းများအား စစ်တပ် ခေါ်၍ဖမ်းခိုင်းခြင်း၊ NON- CDM ပြုလုပ်စေရန် အဓမ္မ ဖိအားပေးခြင်း၊ ကျေးရွာထဲ၌ နေထိုင်သူ ရွာသားပြည်သူများကို မင်းအောင်လှိုင်အား ဆဲဆိုသူဟု စွပ်စွဲပြီး စစ်တပ် ခေါ် ဖမ်းခိုင်းခြင်း၊ ထို့သို့ ဖမ်းဆီးရာတွင် ၄င်းကိုယ်တိုင်ပါဝင်ခြင်း၊ တော်လှန်ရေးသမားများ၏ သတင်း အချက်အလက်များကို လျှို့ဝှက်စုံစမ်း၍ စစ်တပ်ထံသို့ သတင်းပေးပို့နေခြင်း၊ ပျူသင်တန်း တက်ထား ပြီး အဖွဲ့ဝင်အဖြစ် လုပ်ဆောင်နေခြင်း၊ စကစကို ထောက်ခံအားပေး၍ ယုံကြည်ကြောင်းပြသရန် နှင့် ကျေးရွာနေပြည်သူများအား ယခင်ထက်ပို၍အနိုင်အထက် ပြုကျင့်နိုင်ရန်ရည်ရွယ်ပြီး ဒေါင်းစပါးအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင် ခွင့်ရရှိရန် ကြိုးစားပြင်ဆင်နေခြင်း တို့ကြောင့် ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အုတ်ဖိုမြို့နယ်၊ ဖလံပင်အုပ်စု၊ ဖလံပင်ကျေးရွာနေ ကြံ့ဖွတ်ပါတီ အမာခံ စည်းရုံးရေးမှူး မင်း ဇော် ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ်ထိမှန်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသခဲ့ရကြောင်း သိရ သည်။

ဇူလိုင် ၂၇ ရက်နေ့ ည ၈ နာရီခန့်က အဆိုပါ စစ်တပ်ထောက်တိုင် မင်းဇော်ကို ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်မောင်းထိမှန်ပြီး အုတ်ဖိုဆေးရု့တွင် တက်ရောက် ကုသခဲ့ရကြောင်း၊ ထိုသို့ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ဖလံပင်အုပ်ချုပ်ရေးမှူး ဝင်းဇော်သည် အုပ်ချုပ် ရေးမှူးတာဝန်မှ နှုတ်ထွက်စာတင်၍ အခြားမြို့နယ်သို့ တိမ်းရှောင်သွားသည်ဟု ဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ဖလံပင်ကျေးရွာနေ ရာအိမ်မှူး၊ ကြံခိုင်ရေးပါတီ အမာခံစည်းရုံးရေးမှူး ဖြစ်သူ မင်းဇော်သည် အကြမ်းဖက်စစ်တပ်အားကိုးဖြင့် ကျေးရွာနေပြည်သူများအားဖိနှိပ်ခြင်း၊ တော်လှန်ရေး သမားများ၏ သတင်းအားစုံစမ်းထောက်လှမ်း၍ အကြမ်းဖက်စစ်တပ်အား သတင်းပေးပို့ နေခြင်း၊ ယောက်ဖ ဖြစ်သူ ဖလံပင်အုပ်စုအုပ်ချုပ်ရေးမှူး လုပ်ငန်းပေါ်တွင် ဝင်ရောက်စွက်ဖက်လုပ်ကိုင်၍ ကိုယ် ကျိုးရှာခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့ကလည်း လောင်းကစား လိုင်းကြေးများ လိုက်လံတောင်းခံနေသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကိုးပင် ကျေးရွာနှင့် မအူတန်းကျေးရွာကြား၌ ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိ ခဲ့ကြောင်း အုတ်ဖိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article