28 C
Yangon

သရက်ချောင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြားပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိ

Must read

သရက်ချောင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးသူများပြားပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ သြဂုတ် ၂၆

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂၅ ဦးသေဆုံးပြီး ၅ ဦးထိခိုက် ဒဏ်ရာရရှိ​ပြီး ရဲယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ကမြိုင်ရွာနှင့် ရငဲရွာ အကြား၌ အင်အား ၁၃၀ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်း ၆ လုံးဆွဲပြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ပြီး စစ်သား ၁၅ ဦးခန့် သေဆုံးကာ ၅ ဦးကျော် ဒဏ်ရာရခဲ့​ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းသည် မြွေတောင်ပေါ်သို့ ပြန်တက်စဥ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ မြုပ်ထားသော မိုင်း ၇ လုံးကို နင်းမိခဲ့ပြီး စစ်သား ၁၀ ဦးကျော် ထိခိုက် သေဆုံးပြီး စစ်သား အလောင်းများကို ခမရ-၄၀၄ တပ်ရင်းထဲသို့ သယ်ယူသွားကြောင်း ကစယ်ဒိုနယ်မြေခံတပ်ခွဲ ၃ ထံမှ သိ ရသည်။

အဆိုပါ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ကြိမ်ကို ကစယ်ဒိုနယ်မြေခံတပ်ခွဲ(၃) ၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့ နှင့် ဂဋ္ဌုန်မင်းပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်-ပုလော လမ်းပိုင်းကို အဆိုပါ ပူးပေါင်းတပ်ဖွဲ့များ ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် ရဲယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article