35 C
Yangon

NUG နှင့် ဆက်ဆံရေး ထူထောင်မှုကြောင့် တီမောနိုင်ငံ သံတမန်များကို စစ်ကောင်စီက မြန်မာ နိုင်ငံမှ နှင်ထုတ်မှု တီမော အစိုးရရှုတ်ချ

Must read

NUG နှင့် ဆက်ဆံရေး ထူထောင်မှုကြောင့် တီမောနိုင်ငံ သံတမန်များကို စစ်ကောင်စီက မြန်မာ နိုင်ငံမှ နှင်ထုတ်မှု တီမော အစိုးရရှုတ်ချ

ရန်ကုန် ၊ ဩဂုတ် ၂၈

အရှေ့တီမော သံရုံးနဲ့ သံတမန်တွေ ကို မြန်မာနိုင်ငံထဲက ထွက်ခွာသွားဖို့ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို အရှေ့တီမောအစိုးရ က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာန ကဖော်ပြထားပါတယ်။

အရှေ့ တောင်အာရှဒေသတွင်းနိုင်ငံတွေထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ဆက်ဆံရေးထူထောင်ထားတဲ့ရှားရှားပါးပါး နိုင်ငံတစ်ခုဖြစ်တဲ့ မရှေ့တီမော နိုင်ငံသံရုံး ကို စက်တင်ဘာ ၁ ရက်နေ့နောက်ဆုံးထားပြီး မြန်မာ နိုင်ငံ က ထွက်ခွာသွားဖို့ စစ်ကောင်စီ က ထုတ်ပြန်လိုက်ပါတယ်။

အရှေ့တီမောအစိုးရ ရဲ့ ထုတ်ပြန်ချက်ထဲမှာ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းအားထုတ်မှုအားလုံး ကို ထောက်ခံအားပေးဖို့ အရေးကြီးကြောင်း နဲ့ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း ကြေညာပါတယ်။

အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာက တော့ လူ့အခွင့်အရေး ကိုကာကွယ်‌ပေးတဲ့အတွက် တီမောသံရုံးကို စစ်ကောင်စီက နှင်ထုတ်တာဖြစ်လို့ ဂုဏ်ယူသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအနေနဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ ထွက်ခွာရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၅ ရက်နေ့မှာ သံတမန်စာနဲ့ အကြောင်းကြားခဲ့ပါတယ်။

တီမောလက်စ်တေ အစိုးရအနေနဲ့ မြန်မာအစိုးရမှ တီမောလက်စ်တေအစိုးရကို ဆက်တိုက်ဆိုသလို သတိပေးပြောကြားမှုတွေ ပြုလုပ်လျက်ရှိနေတဲ့ကြားမှ မြန်မာ−တီမော လက်စ်တေ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ဖြစ်တဲ့ NUG နဲ့ ထိတွေ့ဆက်ဆံမှုများပြု လုပ်ခဲ့တယ် လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင်ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနှင့် မကိုက်ညီသည့် တီမောလက်စ်တေ အစိုးရရဲ့ ပြောကြားချက်နဲ့ လုပ်ဆောင်ချက်များကို စစ်ကောင်စီက ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ- အရှေ့တီမော သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article