32 C
Yangon

ကျောက်လုံးကြီး KLG တပ်မဟာက “ပွဲဆက်ကဖို့ နှုတ်ခမ်းနီထောက်ပို့” ကမ်းပိန်းပြုလုပ်

Must read

ကျောက်လုံးကြီး KLG တပ်မဟာက “ပွဲဆက်ကဖို့ နှုတ်ခမ်းနီထောက်ပို့” ကမ်းပိန်းပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်သည့် ကျောက်လုံးကြီး KLG တပ်မဟာက တပ်ရင်းများ၌ လိုအပ်လျက်ရှိသော ကျည် များဖြည့်တင်းနိုင်ရန် “ပွဲဆက်ကဖို့ နှုတ်ခမ်းနီ ထောက်ပို့”ကမ်းပိန်း ပြုလုပ် လျက်ရှိ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် ကျောက် ကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနမှ မေတ္တာရပ်ခံ ပြောကြားသည်။

ကျောက်လုံးကြီး KLG PDF ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှ စတင်၍ ရဲဘော် ၃၅ ဦးဖြင့် စတင်ဖွဲ စည်းခဲ့ပြီး၊ ကျောက်လုံးကြီး KLG PDF နာမည် မဖြစ်ခင်ကတည်းက ထိတွေ့တိုက် ပွဲများ ဆင်နွှဲလာခဲ့ကြောင်း၊ လက်ရှိတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ လက်အောက်၌ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ အဖြစ် ဆက်လက်ရပ်တည်က တိုက်ပွဲများ ဆင်နွှဲနေ ကြောင်း သိရသည်။

“ကမ်ပိန်းလုပ်ရတဲ့ရည်ရွယ်ချက်က တိုက်ပွဲရက်ရှည်နေတဲ့အ တွက် လိုအပ် နေတဲ့ ကျည်ဆံတွေဖြည့် တင်းဖို့အတွက်ပါဗျ၊ လက်ရှိတိုက်ပွဲက ယင်းမာပင်နဲ့ ကနီအစပ်မှာ ၆ ရက်နေ့က တည်းက ဖြစ်နေတာ၊ အခုချိန်အထိပဲဗျ၊ တိုက်ပွဲ တွေ မှာ စစ်ခွေး ၃၀ ကျော် သုတ်သင်နိုင်ခဲ့ပြီးတော့ တစ်ကောင် အရှင်ဖမ်း မိ ထားတယ်ဗျ၊ ကျနော်တို့အဖွဲ့က တပ်ခွဲမှူး အပါအဝင် ရဲဘော် ၃ ဦးကျဆုံးပြီး တော့ ရဲဘော် ၆ ဦး ထိခိုက် ထားတယ်၊ ရဲဘော်တစ်ဦးကတော့ ခြေထောက် ဖြတ်လိုက်ရတယ်” ဟု ကျောက်လုံးကြီး KLG တပ်မ ဟာမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါကမ်ပိန်းကို နေ့စဉ်လှူပါ ငွေ ငါးရာ အဖွဲ့က ကူညီပေးခြင်းဖြစ်ပြီး မဲလက် မှတ် အရေအတွက် သုံးထောင် (၃၀၀၀)ကို မဲတစ်စောင်လျှင် တစ် သောင်း ကျပ် (၁၀၀၀၀)နှုန်းဖြင့် ရောင်း ချသွား မည်ဖြစ်ကြောင်း၊ ပါဝင်အား ဖြည့် သော မိဘပြည်သူ များကို ဂစ်တာတစ်လက် ၊ Ukulele တစ်လက်နှင့် The Way ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းတို့ပါဝင်သည့် ကတ်ဆတ်ခွေပုံစံ USB stick တို့ကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်အားဖြည့်ပေးမည့် မိဘပြည်သူများအနေဖြင့်- https://www.facebook.com/500kyats Messenger မှတဆင့် ပါဝင် ကူညီ လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းပါဝင်ရာတွင် မြန်မာ ကျပ်ငွေနှင့် သာမက ထိုင်းဘတ်ငွေ ၊ ယွမ်ငွေ ၊ ဒေါ်လာ များဖြင့်လည်း ထောက်ပို့ ပါဝင်နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article