27.1 C
Yangon

လားရှိုး-မူဆယ် နယ်စပ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်နေ

Must read

လားရှိုး-မူဆယ် နယ်စပ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ သြဂုတ် ၂၈

ရှမ်းပြည်နယ်၊ လားရှိုး-မူဆယ် မြို့နယ်စပ်တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန ်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် လားရှိုးမြို့နယ်နှင့် မူဆယ်မြို့နယ်အစပ်ရှိ ပလောင်နန့်အွန်ရွာ၌ အကြမ်း ဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

” ဒီနေ့ နံနက်ပိုင်းက လားရှိုးနဲ့ မူဆယ် အကြားက ပလောင်နန့်အွန်ရွာမှာ စစ်ခွေးတွေနဲ့ ပလောင် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်။ စစ်ခွေးတွေရဲ့ မူဆယ် ၁၀၅ မိုင် ဗျူ ဟာ ကုန်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်ကစပြီး ၁၀ မိနစ် အတွင်း ကို လက်နက်ကြီး ၄ လုံး နဲ့ ဆက်တိုက်ပစ်ကူနေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article