32 C
Yangon

ပေါင်မြို့ပေါ် မြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးကျဲမှု မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကျော်နိုင်ဦးနှင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦးဒဏ်ရာရ

Must read

ပေါင်မြို့ပေါ် မြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးကျဲမှု မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်မှူးကျော်နိုင်ဦးနှင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေး ဝန်ထမ်းအိမ်ရာ၌ တပ်စွဲ ထား သော အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့ကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူး ကျော်နိုင်ဦး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်းထံမှ သိသည်။

ယမန်နေ့ ဩဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခန့်က အဆိုပါ အကြမ်းဖက် စစ်သား များကို ဒရုန်းဖြင့် ဗုံးသီး ၇ လုံးကျဲချတိုက်ခိုက်ခဲ့ရာ တိုက်ခိုက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူး ကျော်နိုင်ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦး နှင့် တပ်သား ၁ ဦးတို့ ဒဏ်ရာရရှိကာ လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သထုံခရိုင်၊ တပ်မဟာ ၁ ၊ တပ်ရင်း ၂ KNLA/PDF အဖွဲ့၊ ပ.က.ဖ အဖွဲ့၊ S . O . F ပူးပေါင်းအဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် ရာသီဥတုအခြေနေနှင့် ပတ်ဝန်းကျင်အခြေ အနေကြောင့် အကြမ်းဖက်စစ်သား များ သေဆုံးမှုမရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ များ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အဝေးဆုံးမှ နေထိုင် ပေးကြပါရန် တပင်ရွှေထီးစစ်ကြောင်းက အနူးအညွှတ် မေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article