အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၃၀
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တော်လှန်ရေး လုပ်တယ်ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူး၊ ကျွန်စိတ်မရှိဖို့နဲ့ သတ္တိရှိဖို့ပဲလိုတာ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

