36 C
Yangon

ကလေးမြို့တွင် Non CDM ကျောင်းအုပ်နှင့် ကျောင်းဆရာတစ် ဦး ကို ကလေး PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Must read

ကလေးမြို့တွင် Non CDM ကျောင်းအုပ်နှင့် ကျောင်းဆရာတစ် ဦး ကို ကလေး PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ ဩဂုတ် ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အထက -၉ ကျောင်းအတွင်းသို့ ဝင်ရောက်ပြီး Non CDM ကျောင်းအုပ်နှင့် ကျောင်းဆရာတစ်ဦးကို ကလေး PDF တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ကလေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲမှူးအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန် ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၊ မြို့ပြစစ် ဆင်ရေး ဒုတာဝန်ခံ နှင့်အဖွဲ့က အကြမ်း ဖက်စစ်ကောင်စီလက်အောက်ခံ အထက ၉ ကျောင်း၌ ဖွင့်လှစ်၍ အကြမ်းဖက် စစ်ကောင်စီထောက်တိုင် လုပ်ငန်းစဉ် များလည်ပတ်နိုင်ရန် လုပ်ဆောင်နေ ကြောင်း သတင်း အရ ဝင်ရောက်ဖမ်းဆီးခဲ့ရာ အထက ၉ ကျောင်းအုပ် နှင့် လ/ထမူပြ ကျောင်းဆရာ တို့နှစ်ဦးကို တွေ့ရှိခဲ့ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“သူတို့ကို အကြမ်းဖက်မှုပုဒ်မ ၅၂ -က နဲ့အမှုဖွင့်ထားတယ်၊ တရားရုံးကို ပထမ ရမန်ကာလ ၁၅ ရက်အ တွင်း တရားစွဲသွားမှာပါ၊ ဖမ်းဆီးထားတဲ့သူတွေကို သူတို့ကို ရိုက်နှက်တာ၊ ဘာညာမလုပ်ပါဘူး၊ ဥပဒေနဲ့ အညီပဲ ထိန်းသိမ်း ထားတာပါ။” ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲမှူးအောင်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ခန့်တွင် ကလေးမြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့(တ)စခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုး ရ လက်အောက်ခံရှိ ကလေး မြို့နယ်တရားသူကြီးများအဖွဲ့သို့ တရားစွဲတင်ပို့နိုင်ရေး စီစဉ်ဆောင်ထား ကြောင်း ကလေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

လ/ထမူပြ ကျောင်းဆရာ ၏ မိခင်ဖြစ်သူ သည် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အထက ကျောင်း၌ အထက်တန်းပြ အဖြစ်လည်းကောင်း၊ ညီမဖြစ်သူသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ၉ မိုင်ကျောင်း၌ အလယ်တန်းပြအဖြစ် လည်းကောင်း အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article