ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Albino Tiger Column – P29909 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာ၊ ကျောက်စက်အနီး တပ်စွဲထားသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၂၂ မှ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်းခဲ့ကြောင်း သိရသည်။
“သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်ပါ ပြန်ပစ်ပါတယ်။ သူတို့ဘက်က ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ အရေအတွက်တော့ အတိအကျမပြောတတ်ဘူး” ဟု Albino Tiger Column – P29909 အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းလုံခြုံရေးတပ်ခွဲ (Southern Eagle- PDF)၊ ကျားဖြူတပ်ခွဲ-၄၊ကျားဖြူတပ်ခွဲ -၅ (Justice Soldier-PDF) Drone တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။