38 C
Yangon

မူဆယ် ၁၀၅ မိုင်ရှိ တိုးဂိတ်စောင့်နေသော စစ်သားများကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်

Must read

မူဆယ် ၁၀၅ မိုင်ရှိ တိုးဂိတ်စောင့်နေသော စစ်သားများကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ်၊ မူဆယ် ၁၀၅ မိုင်ရှိ တိုးဂိတ်စောင့်နေသော အကြမ်းဖက် စစ်သားများကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေသ ပြည်သူများထံမှ သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ တိုးဂိတ် စောင့်နေသော စစ်သားများနှင့် ပြည်သူ့စစ် အဖွဲ့ကို TNLA တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့​ပြီး တိုးဂိတ်၌ စစ်သားများနှင့် ပြည်သူ့စစ် အဖွဲ့ဝင် ၁၀ ဦးကျော်ခန့်ရှိကာထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။

ထို့ပြင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း တိုးဂိတ် အနီးအနားရှိ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဒေသ ပြည်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article