Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်စခန်း ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးပြီး MA ၁ လက်အပါအဝင် ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ မြို့လှ PDF တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ရွှေကူPDF တာဝန်ရှိ သူ တစ်ဦးရဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုချက်အရ သိရှိရပါတယ်။
– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ Albino Tiger Column – P29909 အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
– မန္တလေးမြို့ ချမ်း အေးသာစံမြိုနယ်၊ လမ်း ၇၀၊ ၂၇-၂၈ လမ်းကြားက တိုင်းပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး Non-CDM ကျန်းမာရေးဝန်ထမ်း ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။