30 C
Yangon

စင်ကာပူ UOB ဘဏ်က စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်မရတော့

Must read

စင်ကာပူ UOB ဘဏ်က စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်မရတော့

■ မြန်မာနိုင်ငံမှ VISA နှင့် MASTER CARD အသုံးပြု ငွေလွှဲပြောင်းမှုများကိုလည်း စင်ကာပူ UOB ဘဏ်က တားမြစ်ပိတ်ပင်

ရန်ကုန်၊ စက်တင်ဘာ ၂

စင်ကာပူနိုင်ငံအခြေစိုက် UOB ဘဏ်က အကြမ်းဖက်စစ်ကောင်စီ၏ ဒေါ်လာအဝင်၊ အထွက်ငွေစာရင်းအားလုံး ပိတ်ပင်လိုက်သဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်အတွင်းသို့ မြန်မာ စစ်တပ် ဝင်ရောက်ခွင့်ဆုံးရှုံးပြီး ငွေကြေးဆိုင်ရာ ဖိအားများ ရင်ဆိုင်နေရပြီဖြစ်ကြောင်း စင်ကာပူ CNA သတင်းဌာနက သတင်းဖော်ပြ သည်။

ကမ္ဘာ့အသိုက်အဝန်းက မြန်မာစစ်တပ်အပေါ် ဘဏ္ဍာရေးအရ ဖိအားများ တိုးမြင့်လာနေပြီး စင်္ကာပူနိုင်ငံရှိ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ စစ်ကောင်စီဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များ၊ စစ်ကောင်စီနှင့်ဆက်စပ်နေသော လုပ်ငန်းများနှင့် ငွေစာရင်းချိတ်ဆက်မှုများကို စက်တင်ဘာ ၁ ရက်နေ့ မှ စတင်၍ ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် ငွေကြေးနှင့်ဘဏ္ဍာရေးဆိုင်ရာ အလွန်ခက်ခဲသော အချိန်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရှိရသည်။

စင်္ကာပူနိုင်ငံမှ United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ ဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာ ၁ ရက်နေ့မှစပြီး ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်းကို ပစ်မှတ်ထားကာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများအတိုင်း လိုက်နာဆောင်ရွက်နေပြီဖြစ်ကြောင်း၊ စင်ကာပူ UOBဘဏ်က မြန်မာနိုင်ငံသို့ ငွေပေး၊ ငွေယူ အဝင်အထွက်အားလုံးကို ကန့်သတ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ Visa နှင့် Mastercard အသုံးပြု၍ ငွေအလွှဲအပြောင်း အသွင်းအထုတ်များကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူသည် ကာလရှည်ကြာ လက်တွဲခဲ့သော မြန်မာ့လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို ထိထိရောက်ရောက် ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်း ၊ အကြမ်းဖက် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်လာချိန်တွင် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူ စင်ကာပူက အရေါ်ယူမှု ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ၊ စင်ကာပူ UOB ဘဏ်က မြန်မာစစ်တပ်၏ မိတ်ဖက် MAI အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း၏ ငွေစာရင်း ၅ ခုလုံးကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

လက်ရှိတွင် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG)က နွေဦးဘဏ် ကဲ့သို့သောအွန်လိုင်းဘဏ်များကို အသုံးပြု၍ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကို ထိန်းညှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article