စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းနှင့် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကွေ့ရှိ စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁၉ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာရွာမကျေးရွာအုပ်စု၊ ရွာသာရွာ(ပျူ)စခန်းနှင့် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကွေ့ရှိ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force )အဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်မှ စတင်၍ စက်တင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်အ ထိ စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးသီး အလုံးရေ ၄၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်တပ်မှ အရာရှိ၏ ဇနီးဖြစ်သူ ပျူစောထီး ခေါင်းဆောင်အပါအဝင် ၁၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်း၊ သေဆုံးခဲ့သည့် ပျူစောထီးအလောင်းများကို ရွာသာရွာရှိ နွားခြံကုန်းထဲ၌ မြှုပ်နှံသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
“ရွာသာရွာက တစ်ရွာလုံးပျူတွေချည်းပဲဗျ၊ သေသွားတဲ့ ပျူအလောင်းတွေကို နွားခြံကုန်းထဲမှာ တွင်းတူး မြှုပ်နေတာ မြင်တယ်လို့ နီးစပ်ရာပြည်သူတွေက ပြောပြတယ်၊ ဒဏ်ရာရတဲ့ အရာရှိက မသေဘူး၊ သူ့ မိန်းမ Non CDM ဆရာမ ထုံးကြီးဆေးရုံမှာသေပြီတဲ့၊ အရာရှိကိုတော့ မန္တလေးနန်းတွင်း ကို ပို့ထဲအထဲပါသွားတယ်၊ ဒဏ်ရာရတာတွေလည်းများတယ်၊ သေတာက ၁၆ ဦး။ ဒဏ်ရာရတာက ၈ ဦး အ တည်ပြုလို့ရတယ်၊ ဒီနေ့လည်း သူတို့ဘက်က အထိနာလို့ သံခွန်မော်တော် ၃ စီး ဘန်ကာတွေနဲ့ ဆင်းလာတာ ရွာသာရွာကိုရောက်နေပြီ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force )အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
အထိနာသွားခဲ့သော အကြမ်းဖက်စစ်တပ်က ငါးကြင်းမြီးသေနတ်များ၊ ၈၁ မမ လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများသို့ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့)၊ ကျောက် ဆည်ခရိုင် နဂါးနီ ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ ၊ Lightning Drone Force ၊ Demo Pauk Kwae (ဒီမိုပေါက်ကွဲ)၊ ဆားတောင်မိုးကြိုးအဖွဲ့ ၊ ရဲဘော် ၃ ကျိပ်၊ ရွှေဘိုခရိုင်တပ်ရင်း ၁၃ ၊ တပ်ခွဲ ၃ နှင့် Eagle – သိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့ ပူး ပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကွေ့တွင် ပြည်သူ့ကားများကို ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Eagle Guerilla Force )အဖွဲ့မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကွေ့တွင် ဂိတ်ဖွင့်ပြီး ပြည်သူ့ကားများကို ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သား များကို သယ်ဆောင်ရန်နှင့် စစ်ကူပေးရန်လာရောက်သည့် ကား ၃ စီးကို မိုင်းဆွဲဖြတ်တောက်ခဲ့ကြောင်း စစ်ကား တစ် စီး ပျက်စီးသွားပြီး ရွှေဘိုဘက်သို့ ပြန်လည်ဆွဲယူသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ (Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့) ကျောက် ဆည်ခရိုင် နဂါးနီ ဒရုန်းတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင် နဂါးနီတပ်ရင်း ၁ ၊ မိတ္ထီလာပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့၊ Lightning Drone Force ၊ Shar Htoo Waw နည်းပညာဖြင့် Drop For Justice ၊ Shar Htoo Waw နည်းပညာဖြင့် CDSOM အနောက်ခြမ်းတိုက်ခိုက်ရေး အဖွဲ့ 001 ၊ Demo Pauk Kwae (ဒီမိုပေါက်ကွဲ) ဆားတောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိပ်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊တပ်ခွဲ ၂ နှင့် Fight For Freedom အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊အကြမ်း ဖက်စစ်တပ်မှ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

