36 C
Yangon

စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tiktok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်း

Must read

စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေး အတွက် Tiktok သရုပ် ဖော်ပြိုင်ပွဲများ ပြုလုပ်ခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၃

အကြမ်းဖက်စစ်ကောင်စီက စစ်ကောင်စီက စစ်သားများ စိတ်ခွန်အားဖြစ်စေရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက် မြင့်မားရေးအတွက် Tiktok သရုပ်ဖော်ပြိုင်ပွဲပြုလုပ်နေပြီး တပ်မိသားစုများအားလုံး ပါဝင်ယှဉ်ပြိုင်ကြရန် ညွှန်ကြား ထားကြောင်း သိရှိရသည်။

စစ်ကောင်စီက ဦးစီးကျင်းပသည့် Tiktok ပြိုင်ပွဲတွင် တစ်ဦးချင်း(သို့မဟုတ်) အစုအဖွဲ့ဖြင့် ဖြစ်စေ၊ ဓာတ်ပုံများဖြင့်ဖြစ်စေ၊ Shirt Movie ၃ မိနစ် များဖြင့် ဖြစ်စေ၊ စိတ်ဓာတ်ခွန်အားဖြစ်စေမည့် မိမိကြိုက်နှစ်သက်သည့် ဟာသ၊ အတည်အတန့်၊ စကားပြော၊ တေးသီးချင်းများဖြင့် လွတ်လပ်စွာ သရုပ်ဖော် ဖန်တီး တင်ဆက်နိုင်ကြောင်း၊ ပထမဆုကို ငွေကျပ် ၁ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၅ သောင်း ၊ တတိယဆု ကျပ် ၃ သောင်း၊ အထူးဆု-၁ ငွေကျပ် ၁ သောင်း၊ အထူးဆု-၂ အနေဖြင့် ငွေကျပ် ၁ သောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြိုင်ပွဲဝင်ရာတွင် စစ်သားများ စိတ်ခွန်အားဖြစ်စေမည့် တေးသီချင်းများဖြင့် ယှဉ်ပြိုင်ရန်၊ စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး တစ်ခုခုကို ပေါ်လွင်တင်ဆက်ရန်၊ NUG နှင့် PDF များကို သရော်ရန်၊ စစ်တပ်၏ အောင်ပွဲရ သတင်းအချက် အလက်များကို‌ ဖော်ပြရန် ၊ စစ်သားများ စိတဓာတ်တက်ကြွစေရန်၊ မဲစာရင်းမှားယွင်းမှုကြောင့် စစ်တပ်က အာဏာသိမ်းသည့်အကြောင်းကို ဖော်ညွှန်းရန် အပါအဝင် စသည့် NUG နှင့် PDF ကို တိုက်ခိုက်ဝေဖန်မည့် အချက်များဖြင့် Tiktok ကစားကြရန် ဖော်ပြထားသည်။

“ဒါကြီးက ရယ်စရာကြီး ဖြစ်တာပေါ့။ စစ်တပ်အနေနဲ့ ဒါမျိုးကို တကယ်လုပ်တာ တကယ်ကိုရယ်စရာကြီးဖြစ်နေတာ” ဟု CDM ဗိုလ်ကြီးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ Tiktok ပြိုင်ပွဲများကို အကြမ်းဖက် ဇော်မင်းထွန်း ဦးစီးသည့်ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့က ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article