27 C
Yangon

ဒီးမော့ဆိုတွင် စစ်တပ် စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူပြီးနောက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

Must read

ဒီးမော့ဆိုတွင် စစ်တပ် စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူပြီးနောက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်စခန်း ၂ ခုကို စက်တင်ဘာလ ၂ ရက်နေ့တွင် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ရေးဆက်လက် တင်းမာနေကာ တိုက်ပွဲများ ဆက်လက် ပြင်းထန် နေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ် သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“စခန်း ၂ ခု သိမ်းလိုက်နိုင်ပါတယ်။ လက်နက်တွေလည်း ရထားတယ်။ စစ်ခွေး အလောင်းတွေလည်းရထားတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကလည်း အင်အား အလုံး အရင်းနဲ့ ထပ်တက်လာတယ်။ စစ်ရေးက အရမ်းတင်းမာနေတယ်။ တိုက်ပွဲတွေ ထပ်ပြီး ပြင်းထန်ဖို့ရှိတယ်။ အဲဒါကြောင့် ဒီလို အခြေအနေမှာ စစ်ရေးအရ အရမ်းသတိထားရတာမို့ အသေးစိတ် မပြောနိုင်ပါဘူး။ သက်ဆိုင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း မလိုလားအပ်တဲ့ သတင်းပေါက် ကြား မှုတွေ မရှိအောင် စစ်ရေးသတင်းတွေကို မဖြေဆိုကြဖို့၊ ဓာတ်ပုံတွေ တင်တာမျိုးမလုပ်ဖို့ အသိပေးထားတာရှိပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များကလည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ် များအတွင်းသို့ စစ်အင်အား ရာဂဏန်း တပ်ဖြန့် ချီတက် ထိုးစစ်ဆင်လာကြောင်း၊ ယနေ့ အပါအဝင် လာမည့် ရက်များအတွက် စစ်ရေး အခြေအနေ ပိုမိုတင်းမာကာ လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ နိုင်ကြောင်း ကရင်နီဒေသ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စက်သေနတ် ပစ်ခတ်နေသည့် ဓာတ်ပုံ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article