24 C
Yangon

ငါန်းဇွန်မြို့နယ်၊ စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီခန့် သံကုန်းရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး၊ နဘဲကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်သူဟု သတ်မှတ်ခံရသူ ၅ ဦး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စက်တင်ဘာ ၂ ရက်နေ့ ညပိုင်း ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အပါအဝင် ညီအစ်ကို ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၂ ရက်နေ့ ၊ ည ၇ နာရီ ၅၀ မိနစ် အချိန် ငါန်းဇွန်မြို့နယ်၊ နဘဲကျေးရွာတွင် စစ်တပ်အတွက် အလုပ်လုပ်နေသူဟု စွပ်စွဲ သတ်မှတ်ခံရသူ ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“နဘဲပင်ရွာမှာတော့ စစ်တပ်ကို သတင်းပေးပြီး အလုပ်လုပ်နေတယ်လို့ သတ်မှတ်သိရှိထားတဲ့ သူ ၅ ဦး အသတ်ခံရတယ်။ မနေ့ည ၇ နာရီ ၅၀ မိနစ်လောက်မှာ အရှင်းလင်းခံရတာပါဗျ။ ရှင်းလင်းခံရ သူတွေကတော့ မြို့ဇော်ဦး၊ ဝင်းချို လင်မယား နှစ်ဦး၊ အောင်ခိုင်နဲ့ ဘိုငွေ စုစုပေါင်း ၅ ဦး အသတ်ခံရတာ။ စစ်တပ်ဘက်ကလည်း မသင်္ကာသူ ပြည်သူမှန်သမျှ အကုန်ဖမ်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article