Breaking News- ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်၊ ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပစ်ချလိုက်သော ဒရုန်းဗုံးထိမှန်၍ သေဆုံး
■ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ထက်ဝင်း အပါအဝင် ၁၃ ဦး အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၃
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီထွေ/အုပ်ရုံးကို ယနေ့ ညနေပိုင်း ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း ၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင် နှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ Federal Wings ဒရုန်းတပ်ဖွဲ့က ပစ်ချလိုက်သော ဒရုန်းဗုံးထိမှန်၍ သေဆုံးသွားကြောင်း နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် မြ၀တီမြို့ ရဲစခန်းကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ဗုံး ၂ လုံးကျရောက်ခဲ့ကြောင်း၊ ယင်းဗုံးကျရောက်မှုကို စစ်တပ်နှင့်ထွေ/အုပ် ပူးပေါင်း အဖွဲ့က လာရောက် စစ်ဆေးနေစဉ် ည ၇ နာရီ ၂၀ မိနစ်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့ကြောင်း၊ ယင်းသို့ ကျဲချခဲ့မှုကြောင့် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီး ဦးထွန်းထွန်းလင်းနှင့် ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့ ဒရုန်းဗုံးထိမှန်၍ ပွဲချင်းပြီး သေဆုံခဲ့ကြောင်း၊ ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာဖြင့် မြ၀တီခရိုင်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ဒဏ်ရာရ ၁၃ ဦးတို့ သည် မြဝတီခရိုင်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနှင့် ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။