33 C
Yangon

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီး အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

Must read

ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီး အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၄

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားဖြစ်ပွားပြီး အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ရွာငံ PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နွားဘန်းကြီးကျေးရွာ အနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး PDF တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာရဲ့ အနောက်ဘက် တောင်နားကို စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာပေါ့။ စစ်ကြောင်းထိုးလာတဲ့ အချိန်မှာ တိုက်ပွဲဖြစ်သွားတာပေါ့။ ထိတွေ့မှုဖြစ်တာ ၁၅ ပေလောက်ပဲကွာတယ်။ စကားပြောစက် ကိုင်ထားတဲ့ ဗိုလ်ကြီး ၁ ကောင်ရယ် ကျန်တဲ့ အရာရှိ တစ်ကောင်ရယ် ပျူစောထီး ၁ ကောင်ရယ် ၃ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီးသွားတာပေါ့။ ၇ ကောင်လောက် ဒဏ်ရာရတယ်” ဟု ရွာငံ PDF မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article