34 C
Yangon

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲချနေ

Must read

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ဗုံးကျဲချနေ

ရန်ကုန်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားသော လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း PDF သတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှစတင်၍ တိုက်လေယာဉ်များ ဆက်တိုက်ပျံဝဲ၍ လက်ခတ်တောင်ကို ဗုံးများ အဆက်မပြတ်ကျဲချနေခြင်းဖြစ်ကြောင်း PDF သတင်းရင်းမြစ်က ပြောဆိုသည်။

“အခုနဲ့ဆို ၃ ကြိမ်ရှိပြီ။ မနေ့ညက မြ၀တီမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးရော စစ်တပ်၊ ရဲ ထွေအုပ် ခေါင်တွေ သေကြတာကို လက်တုံ့ပြန်တာ လို့ ပြောလို့ရတယ်။ ရာသီဥတုမကောင်းတာကို အတင်းလာပြီး ဗုံးကျဲချနေတာ။ လက်နက်ကြီးတွေကလည်း တအုန်းအုန်းနဲ့ ညနေလောက်ဆို ပစ်နေပြီ။ မည်းမည်းမြင်ရာ ရမ်းသမ်းပြီးတော့ စစ်တပ်က ပစ်နေတယ်။ ရှက်ရမ်းရမ်းနေတယ်” ဟု မြ၀တီမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်စခန်းဖြစ်သည့် လက်ခေတ်တောင်စခန်းကို ဇူလိုင်လ နှောင်းပိုင်းတွင် KNLA ၊PDF ပူးပေါင်းတပ်များက သိမ်းယူပြီးနောက် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်ခဲ့ကြောင်း၊ စခန်းပြန် သိမ်းရေး ကြိုးပမ်းနေသော်လည်း စစ်တပ် အထိနာကာ လက်ခတ်တောင် တောင်ခြေနားပင် မကပ်နိုင်သေးကြောင်း သိရှိရသည်။

ယမန်နေ့ ညပိုင်း မြ၀တီမြို့ရှိ ခရိုင်ထွေအုပ်ရုံးအပါအဝင် မြို့နယ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်း၊ ခရိုင်ထွေအုပ်မှူး စိုးတင့် အပါအဝင် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article