32 C
Yangon

ငြိမ်းချမ်းရေးကို ပိတ်ဆို့တားဆီးနေသည့် မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံက ပြင်းပြင်းထန်ထန် အရေးယူရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Must read

ငြိမ်းချမ်းရေးကို ပိတ်ဆို့တားဆီးနေသည့် မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံက ပြင်းပြင်းထန်ထန် အရေးယူရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

■ “မြန်မာစစ်တပ်ကို ခိုင်မာ ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်ဘဲ ရှေ့ဆက် ခွင့်ပြုဖို့ မဖြစ်နိုင်တော့ဘူး”

ရန်ကုန်၊ စက်တင်ဘာ ၅

ပဋိပက္ခကြောင့် ကွဲပြဲ ပျက်စီးနေရသည့် မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များ ဖန်တီးသည့် အတားအဆီးများက အာဆီယံဘုံသဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး ပိတ်ဆို့နေမှုအပေါ် ပြင်းပြင်းထန်ထန် အရေးယူရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadirက တောင်းဆို တိုက်တွန်းလိုက်ကြောင်း Reuters သတင်းဌာနက သတင်းဖော်ပြသည်။

မလေးရှားက အာဆီယံ မိတ်ဖက်နိုင်ငံများအနေဖြင့်် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်များကို ပြင်းထန်သော အစီအမံများ ချမှတ် အရေးယူရန် တောင်းဆိုခဲ့ပြီး စစ်ဗိုလ်ချုပ်တို့ဖန်တီးခဲ့သော “အတားအဆီးများ” က ပဋိပက္ခများဖြင့် အကွဲအပြဲ ဖြစ်နေသော တိုင်းပြည်အတွက် ငြိမ်းချမ်းရေး အစီအစဉ်ကို ပိတ်ဆို့နေကြောင်း ပြောဆိုသည်။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ပျက်ကွက် နေမှုများကြောင့် အာဆီယံဘုံသဘောတူညီချက်ဖြစ်သော ငြိမ်းချမ်းရေး ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ရန် မလေးရှားနိုင်ငံဘက်မှ ထူးထူးခြားခြား ပြတ်ပြတ်သားသား သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။

“မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ကို ခိုင်မာ ပြင်းထန်တဲ့ အရေးယူမှုတွေ မလုပ်ဘဲ ရှေ့ဆက် ခွင့်ပြုဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အမြင်တွေ ပေးခဲ့ကြတယ်” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က အင်ဒိုနီးရှားနိုင်ငံ မြို့တော်တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မလေးရှားနှင့်အတူ အမြင်သဘောထား တူညီနေသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အမည်ကို ထုတ်ဖော်ခြင်းမရှိပေ။

အာဆီယံခေါင်းဆောင်များသည် မြန်မာနိုင်ငံ၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်၊ ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများနှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးရန် ယခုသီတင်းပတ်အတွင်း ဂျကာတာတွင် တွေ့ဆုံမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် အာဏာသိမ်း စစ်ဗိုလ်ချုပ်များကို ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ခဲ့သည်။

အာဆီယံ ဘုံသဘောတူညီချက် ၅ချက်ဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်ရေး အကောင် အထည်ဖော် ရန် ငြိမ်းချမ်းရေးအစီအစဥ်ကို သဘောတူညီခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက အပြောဖြင့်သာ လက်ခံပြီး လက်တွေ့ အကောင်အထည်ဖော်ခြင်းမရှိပေ ။

ဓာတ်ပုံ- မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article