28 C
Yangon

မင်းကင်းမြို့အဝင်၌ တပ်စွဲထားသော ပျူစောထီးစခန်းကို တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မင်းကင်းမြို့အဝင်၌ တပ်စွဲထားသော ပျူစောထီးစခန်းကို တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းကင်းမြို့အဝင်လမ်းဆုံးရှိ EPC ရုံး၌ အထိုင်ချတပ်စွဲထားသော ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်ကိုင်တုတ် ပျူစောထီး ၂ ဦး သေဆုံးပြီး ကာဘိုင်တစ်လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Student’s Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က မင်းကင်းမြို့အဝင်လမ်းဆုံရှိ EPC ရုံး၌ အထိုင်ချတပ်စွဲထား သော ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးပြီး CarbineM2 ၁ လက်၊ 5.56ကျည် ၃၂၆ တောင့်၊ ပွိုင့် 30 ကျည် ၃၃၉ တောင့်၊ MA ကျည် ဘောက် ၅ ခု၊ ဗုံးသီး ၁ လုံး၊ ငွေ ၆၅၄,၉၀၀ကျပ်နှင့် ဆိုင်ကယ် ၄ စီး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဝင်တိုက်တဲ့အချိန်မှာ ပြန်ခံပစ်တာတော့ရှိတယ်၊ နာရီဝက်လောက်ပဲကြာတယ်၊ ထွက်ပြေးကြတာ၊ စစ်ကူတွေဘာတွေလာတာမရှိဘူး၊ မင်းကင်းမြို့ထဲကနေ တပ်လှန့်ပြန်ပစ်တာမျိုးပဲရှိတယ်၊ ပျူ ၂ ဦး သေတယ်၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာက ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ၊ တခြား သိမ်းဆည်းရရှိခဲ့တာ မရှိပါဘူး” ဟု Student’s Revolution Force – SRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)၊တပ်ရင်း၂ တပ်ခွဲ ၂ ၊ တိမ်လွှာ ဒေါင်း မင်း (ပ.က.ဖ)၊ မင်းကင်းမြို့နယ်(ပ.က.ဖ)၊ Wolf Fighterနှင့် LDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article