27 C
Yangon

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိရေး ဆက်လက် ဖိအားပေးမည်ဟု အာဆီယံခေါင်းဆောင်များကို အမေရိကန်ဒုတိယသမ္မတ ပြောဆို

Must read

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိရေး ဆက်လက် ဖိအားပေးမည်ဟု အာဆီယံခေါင်းဆောင်များကို အမေရိကန်ဒုတိယသမ္မတ ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၇

အကြမ်းဖက် စစ်ကောင်စီက စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံတွင် ဒိမိုကရေစီ ပြန်လည် ထွန်းကားစေရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း သို့ ပြန် လည် ရောက်ရှိရေး အမေရိကန်က ဆက်လက် ဖိအားပေးမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များကို အမေရိကန် ဒုတိယသမ္မတ Kamala Harris က ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန်ထိပ်သီးအစည်းအဝေးတွင် အမေရိကန်ဒုသမ္မတက ထိုသို့ ပြောဆို လိုက်ခြင်းဖြစ်ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်း ကြောင်း ပေါ်ရောက်အောင် ဆက်လက်ဖိအားပေးသွားမည်ကို အာဆီယံခေါင်း ဆောင် များသို့ တရားဝင် အသိပေး ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် အမေရိကန်-အာဆီယံ ဗဟိုဌာနသစ် ထူထောင်ကြောင်း အမေရိကန်ဒုသမ္မတက ကြေညာခဲ့ပြီး မြန်မာ့အရေးသည် အာဆီယံထိပ်သီးအစည်းအဝေးတွင် မဖြစ်မနေ ဆွေးနွေး နေရသည့် အရေးကြီးကိစ္စရပ်တစ်ခုအဖြစ် ၃ နှစ်နီးပါး ဆက်လက် တည်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အကြမ်းဖက် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်ထဲမှ အာဏာကို လုယူခဲ့ပြီး ပြည်သူထောင်ချီ၍ သတ်ဖြတ် မှုများ ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် လူသား မျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article