29.8 C
Yangon

ပုလောမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူများပြား

Must read

ပုလောမြို့နယ်တွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးသူများပြား

ရန်ကုန်၊ စက်တင်ဘာ ၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ စမူပြင်ကျေးရွာအနီး လမ်းပိုင်း တနေရာတွင် အကြမ်းဖက် ယာဥ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း တောကြီး မြွေဟောက်တပ်ဖွဲ့ ထံမှ သိရသည်။

စက်တင်ဘာလ ၇ ရက် နံနက် ၄ နာရီခန့်က ပုလောမြို့ ၂၈၅ တပ်အတွင်းမှ တပ်ချိန်းရန်ထားဝယ်မြို့ ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်သားများလိုက်ပါလာသည့် စစ်ကားများကို ပုလောမြို့အလွန် စမူပြင်ကျေးရွာအနီး လမ်းပိုင်းတနေရာ အရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၇ နာရီ ၁၀ မိနစ်တွင် ထားဝယ်မြို့မှ တပ်ချိန်းပြီး ပုလောမြို့နယ်ဘက်သို့ ထပ်မံ ထွက်ခွာ လာသော အကြမ်းဖက်စစ်ကားများကို ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးကျော် ထပ်မံသေဆုံးပြီး တစ်ရက်တည်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုတွင် အကြမ်းဖက် စစ်သား ၂၇ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို တောကြီးမြွေဟောက်တပ်ဖွဲ့(King Cobra Force) ပုလော ပကဖ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိခိုက်မရှိ အန္တရာယ်ကင်းစွာဖြင့် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တောကြီးမြွေဟောက်(King Cobra Force) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – တောကြီးမြွေဟောက် တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article