28 C
Yangon

ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ အင်းလယ်ကြီးရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နတ်အင်းရွာမှ အင်းလယ်ကြီးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စစ်ကြောင်းနှင့်ပိတ်မိသည့် အင်းလယ်ကြီးရွာမှ မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့ ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီမှစ၍ ကန့်ဘလူခရိုင်၊ထန်းကုန်းတိုက်နယ်အတွင်းရှိ တောင့်တည်းကုန်းရွာကို ညောင်ဇင်လေးရွာ ပျူစောထီးအထိုင်စခန်းမှ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး တောင်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ကျေးရွာ ၁၂ ရွာမှ ပြည်သူများ မိုးထဲ ရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် တောင့်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ညောင်ဇင်ကြီးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးသွားကြောင်းနှင့် တောင့်တည်းကုန်းရွာအပါအဝင် သိုးဘိုး၊ကိုးမြို့၊ဖလံချိုင်၊ညောင်ဇင်ကြီး၊သရက်ခေါင်း၊မင်းကုန်း(က)၊ဆူးပုတ်ကုန်း၊ဘိုတဲကုန်း၊ဘိုကုန်း၊ပေလည် နှင့် ငါးရာနဲ စသည့် ကျေးရွာ ၁၂ ရွာမှာ ပြည်သူများ စစ်ဘေးရှောင်ပုန်းနေရကြောင်း သိရသည်။

“စစ်ဘေးရှောင်ပြည်သူ ၆၀၀၀ ဝန်းကျင်လောက်များ ဖြစ်မလား မခန့်မှန်းတတ်ဘူးဖြစ်နေတယ်ဗျ။ စခတွေ ညောင်ဇင်ကြီးရွာမှာပဲ ရှိနေပါသေးတယ်။ တောင့်တည်းကုန်း မီးရှို့ခံရတဲ့ အရေအတွက် မသိရသေးပါဘူး” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ထန်းကုန်းတိုက်နယ်သည် ကန့်ဘလူ၆၀၀၆၊ ဇီးကုန်းသကြားစက်အထိုင်စခန်း၊ ယမနေပျူစောထီးအထိုင်စခန်း၊စံပါယ်နံ့သာပျူစောထီးအထိုင်စခန်း၊ယော+လယ်လှပျူစောထီးအထိုင်စခန်း၊ညောင်ဇင်လေးပျူစောထီးအထိုင်စခန်းတို့နှင့် နီးကပ်လျက်ရှိခြင်းကြောင့် မကြာခဏဆိုသလို ‌စစ်ကောင်စီစစ်ကြောင်းများ၏ စစ်ကြောင်းထိုးခြင်း၊အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မီးရှို့ဖျက်ဆီးခြင်းခံရ၍ စစ်ဘေးရှောင်ဦးရေ တိုးပွားလျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင်လည်း ယော၊လယ်လှပျူစောထီးအထိုင်စခန်းမှ မှထွက်လာသည့် ခြေမြန်တပ်ရင်း- ၃၆၁ နှင့် ပျူစောထီးအင်အား ၁၂၀ ခန့်သည် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဉာဏ်အင်းရွာကို တတိယအကြိမ်မီးရှို့ခဲ့ရာ နေအိမ် နှစ်လုံးမီးလောင်ပျက်စီး သွားခဲ့ကြောင်း၊ စက်တင်ဘာလ ၆ ရက်နေ့တွင် လေးလှရွာနှင့် မြိုင်သာယာရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ လေးလှရွာမှ နေအိမ်တစ်လုံး၊ စာသင်ဆောင်တစ်ဆောင် နှင့် မြိုင်သာယာရွာမှ နေအိမ် ၄ လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်မှ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article