NUG အစိုးရ၏ ဝန်ကြီးဌာန Website များကို နေပြည်တော်မှ DDOs Attack ဖြင့် တိုက်ခိုက်မှု အချိန်မီ ကာကွယ်တားဆီးနိုင်ခဲ့
ရန်ကုန်၊ စက်တင်ဘာ ၁၀
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဝန်ကြီးဌာန Websites များကို နေပြည် တော်မှ DDOs Attack စနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ အမျိုးသား ညီညွတ် ရေးအစိုးရ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department ထံမှ သိရှိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၈ နာရီမှ ၉ နာရီအထိ NUG အစိုးရ ဝန်ကြီးဌာန Websites ကို DDOS Attack ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို NUG ဆက်သွယ်ရေး သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန IT & Cybersecurity Department က တိုက်ခိုက်မှုကို ချက်ချင်းသိရှိခဲ့ပြီး တိုကခိုက်နေသော IP များကို Block နိုင်ခဲ့ကြောင်း၊ ဝန်ကြီးဌာနများအားလုံး၏ Websites များ မကျစေရန် IT & Cybersecurity ဌာနက စောင့်ကြည့် ကာကွယ်ခဲ့သည့်အတွက် Websites များအားလုံး ပုံမှန် လည်ပတ်နေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ အိုင်တီဌာန မှ ဒေါက်တာကေ က ပြောကြားသည်။
“တစ်ဆက်တည်းမှာပဲ အခုလိုတိုက်ခိုက်တဲ့ IP ရဲ့ ISP ကို သိရှိထားပြီး ဖြစ် တယ်လို့ဆိုပါတယ်။ အခုလိုတိုက်ခိုက်မှုများဟာ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ IT ဌာနကို အနည်းငယ် အလုပ်ရှုပ်စေတာကလွဲလို့ ဘာမှ ထိခိုက်မှု မရှိ ကြောင်း”ဟု ဒေါက်တာကေက ပြောဆိုသည်။
NUG အစိုးရ၏ ဝန်ကြီးဌာန Websites များကို တိုက်ခိုက်ခဲ့သော IP မှာ နေပြည်တော်အခြေစိုက် IT Spectrum Company Limited ၏ ISP ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး IT Spectrum Company Limited မှာ Director အဖွဲ့ဝင် ၄ ဦးပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
“အခုလိုတိုက်ခိုက်မှုတွေဟာ ဘာမှ အရာထင်မှာမဟုတ်ဘူးဆို တာပြောချင် တယ်။ သူတို့အချက်အလက်တွေအားလုံးကိုမြင်နေရတယ်။ သူတို့ domain တွေမြင်နေရတယ်။ နည်းပညာဆိုတာတော့ ဒီလိုပါပဲ။ ကျမ တို့ဘက်ကလည်း စကစ ရဲ့ အခုရက်ပိုင်းဝယ်ယူနေတဲ့ Jammer အမျိုးအစားတွေ အားလုံး hack လို့ရထားပါတယ်။ ဝယ်ယူပေးတဲ့ Company ဝယ်ယူတဲ့ ပစ္စည်းအမျိုးအစား နဲ့ ဘယ်နေ့ ရောက်မယ်ဆိုတာက အစ အားလုံးကို ကြိုသိထားတာကြောင့် ဆက် သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန Federal Wings Drone R& D ဌာနကို ပို့ပေးထားပါတယ်” ဟု ဒေါက်တာကေ က ပြောကြား သည်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ကိုယ့်အကျိုးစီးပွားအတွက် စစ်ကောင်စီကို ကူညီ နေသည့် ကိုယ်ကျိုးရှာ အတ္တသမားများကို ပြင်းပြင်းထန်ထန်သတိ ပေး လိုက် ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာန IT & Cybersecurity Department က သတိပေးသည်။