36 C
Yangon

ရေစကြိုမြို့ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ

Must read

ရေစကြိုမြို့ ထွေအုပ်ရုံးတွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၀

မကွေးတိုင်း ရေစကြိုမြို့နယ် ထွေအုပ်ရုံး(ရုံးပေါင်းစုံရုံး)တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်သားများကို စက်တင်ဘာ ၉ ရက်နေ့ ည ၇ နာရီအချိန်တွင် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း Myingyan Black Tiger (MBT)မှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့က ည ၇ နာရီလောက် အချိန်မှာ ပြောက်ကျားနည်းဗျူဟာကို အသုံးပြုပြီး မြို့လယ်ခေါင်မှာ ရှိတဲ့ ရုံးပေါင်းစုံ တပ်စခန်းကို အနီးကပ်သွားရောက် တိုက်ခိုက် ခဲ့တာပါ။ သူတို့ဘက်က ကား ၂ စီးနဲ့ လိုက်လံပစ်ခတ်တယ်။ ဒါပေမဲ့ ဘေးကင်း စွာနဲ့ ပြန်ဆုတ်နိုင်ခဲ့တယ်။ သူတို့ဘက်က ၂ ကောင် သေတယ် ၃ ကောင် ဒဏ်ရာ ရတယ်။ အဲဒါကတော့ ဖရဲသီးသတင်းအရ အတည်ပြုနိုင်ခဲ့တယ်။ လက် ရှိ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်” ဟု Myingyan Black Tiger (MBT) မှ တာဝန်ရှိ သူက ပြောကြားသည်။

ရေစကြို ထွေ/အုပ်ရုံးတွင် တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သားများ အထိနာခဲ့သဖြင့် တော်လှန်ရေး ရဲဘော် များ စခန်းရောက်သည့်အချိန်အထိ လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်နေမှုရှိကြောင်း သိရှိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထင်းတန်းရပ်ကွက်ကို ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် စစ်ကြောင်းထိုးမည်ဟု သတင်းရရှိထားကြောင်း Myaingyan Black Tiger (MBT) ၏ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် အတူ N-YSO တပ်ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article