31 C
Yangon

မိုးကောင်းမြို့၊ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စက်သုံးဆီ ဆိုင်ကို ဖြိုချဖျက်ဆီး

Must read

မိုးကောင်းမြို့၊ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့ သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စက်သုံးဆီ ဆိုင်ကို ဖြိုချဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ရှိ စင်ရော် စက်သုံးဆီပိုင်ရှင် ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး စက်သုံးဆီဆိုင်ကို ဖြိုချဖျက်ဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောဆို သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် မိုးကောင်းမြို့အခြေစိုက် ခလရ ၇၄၊ ခလရ ၈၁ ၊ ခလရ ၃၈၂ ပူးပေါင်းတပ်ဖွဲ့က ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်း ရပ်ကွက်နေ စင်ရော် စက်သုံးဆီ ဆိုင်ပိုင်ရှင်အမျိုးသမီး ဒေါ်ခင်မာရွှေကို PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးကာ စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်က စင်ရောက်စက်သုံးဆီဆိုင်ကို မြေကော် စက်များဖြင့် ဥပဒေမဲ့ ဖျက်ဆီးခဲ့ကြောင်း၊ PDF နှင့် ဆက်နွယ် သည် ဆိုသော သံသယဖြင့် မိုးကောင်းမြို့မှ လူငယ်များ၊ စင်ရော်စက်သုံးဆီမှ အလုပ် သမားများကို စစ်တပ်က စတင်ဖမ်းဆီးခဲ့ကြောင်း ၊ စက်သုံးဆီပိုင်ရှင် ဒေါ်ခင် မာရွှေ ၏ ခင်ပွန်းကို စတင်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဒေါ်ခင်မာရွှေကို ဖမ်းဆီးခဲ့ကာ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဒေါ်ခင်မာရွှေ ကို ဖမ်းဆီးသတ်ဖြတ်လိုက်တာ။ ဒေါ်ခင်မာရွှေရဲ့ ဆီဆိုင် ဝန်ထမ်း တွေကို ဓားစာခံဖမ်းဆီးပြီး ဒေါ်ခင်မာရွှေကိုဖြေရှင်းဖို့ စစ်တပ်က ခေါ်ခဲ့ပါတယ်။ ဒေါ်ခင်မာရွှေ သားသမီးတွေက အဝေးမှာ ပညာသင်နေကြ တာပါ။ ဒေါ်ခင်မာရွှေ အမျိုးသားကို စစ်တပ်က အရင်ဖမ်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်း မိုးကောင်းသုဿာန်တွင် ဒေါ်ခင်မာရွှေ ၏ ရုပ်အလောင်းကို စစ်တပ်က လာရောက်မြှုပ်နှံသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က မိုးကောင်းမြို့တွင် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ၊ ပြည် သူ များကို ဖမ်းဆီးနှိပ်စက်မှုများကို တောက်လျှောက်ဆိုသလို လုပ် ဆောင် လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖြိုချဖျက်ဆီးလိုက်သော စင်ရော် စက်သုံးဆီဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article