30 C
Yangon

ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉ လမ်း၊ မြို့နယ်များရှိ စား သောက် ဆိုင် နှင့် စျေးဝယ် စင်တာ များတွင် စစ်တပ်ထုတ် မြန်မာဘီယာနှင့် ထုတ်ကုန်များ တင် ရောင်းချရန် စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်

Must read

ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉ လမ်း၊ မြို့နယ်များရှိ စား သောက် ဆိုင် နှင့် စျေးဝယ် စင်တာ များတွင် စစ်တပ်ထုတ် မြန်မာဘီယာနှင့် ထုတ်ကုန်များ တင် ရောင်းချရန် စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းအတွင်းရှိ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် စျေးဝယ်စင်တာများတွင် စစ်တပ်ထုတ် မြန်မာဘီယာ နှင့် စစ်တပ်ထုတ် ထုတ်ကုန်များ တင်ရောင်းချရန် စစ်ကောင်စီနှင့်စည်ပင်က ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမားများကို ဖိအား ပေး ခြိမ်းခြောက်လျက်ရှိကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့်စည်ပင်က ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉ လမ်းအတွင်းသို့ ဝင်ရောက်လာပြီး စျေးသည်များကို ဖမ်းဆီးခြင်း၊ စျေးဗန်းနှင့်စျေးလှည်းများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ကြောင်း၊ ထို့ပြင် တရုတ်အတွင်းရှိ စားသောက်ဆိုင်များ၊ ဘီယာဆိုင်များကို စစ်တပ်ထုတ်ကုန် မြန်မာဘီယာများ တင်ရောင်းရန် ဖိအားပေးကြောင်း ၊ စစ်တပ်ထုတ်ကုန် ဘီယာများ မရောင်းချလျှင် ဆိုင်လိုင် စင်များ ပိတ်သိမ်းမည်ဟု စစ်တပ်နှင့် စည်ပင်က ခြိမ်းခြောက်ကြောင်း သိရှိရသည်။

စက်တင်ဘာလဆန်းပိုင်း ရန်ကုန်တွင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆိုင်များတွင် တင်၍ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ပြီး မတင်လျှင် အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်း ခြောက်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးအတွက် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရေး လှုပ်ရှား မှုများ အရှိန်တက်လာချိန်တွင် စစ်ကောင်စီကလည်း တန်ပြန် အနေဖြင့် စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်နှင့် လူသုံးကုန်ပစ္စည်း များကို ဆိုင်များတွင် တင်၍ ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဟု မြို့နယ်တိုင်းရှိ ဆိုင်များကို အကြောင်း ကြားကြောင်း၊ ထိုသို့ အကြောင်းကြားပြီးနောက် စည်ပင်၊ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က စစ်ဆေးရန် ပြင်ဆင်နေ သဖြင့် စျေးဆိုင်များနှင့် ကုန်တိုက်များ၊ မီနီမတ်များတွင် စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို အပြသဘောမျိုးဖြင့် ဝယ်ယူ၍ တင်ထားရကြောင်း သိရှိရသည်။

ရန်ကုန်မှ မီနီမတ်ဆိုင်ရှင်တစ်ဦးကမူ စစ်ကောင်စီက ၎င်းတို့၏ ထုတ်ကုန်များကို မရောင်းချသူများကို ပုံစံမျိုးစုံဖြင့် ဖိနှိပ်ရန် ကြိုးစားနေသဖြင့် ဆိုင်ပိုင်ရှင်နှင့် စီးပွားရေးသမားများအတွက် ရွေးချယ်စရာ နည်းလမ်းနည်းပါးပြီး အပြသဘောမျိုး ဝယ်ယူ၍ တင်ထားရကြောင်း၊ အဓိကအားဖြင့် ပြည်သူများက စစ်တပ်ထုတ်ကုန်များကို မဝယ်ယူရေးသာ အဓိကဖြစ်ကြောင်း၊ ပြည်သူ မဝယ်လျှင် စစ်တပ်ထုတ်ကုန်များ အကြီးအကျယ် ဆက်လက် ရှုံးနိမ့်နေမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ကို လိုင်စင်မပေးဘူး၊ ဆိုင်ပိတ်မယ်တို့ ခြိမ်းခြောက်တော့ ကျနော်တို့က အပြသဘောမျိုး တင်ထားရတယ်။ အဓိက ပြည်သူပါပဲ။ ပြည်သူက မဝယ်ကြပါနဲ့။ ကျနော်တို့လည်း မရောင်းဘူး။ အပြသဘောမျိုး လာစစ်ရင် ပြဖို့လောက်ပဲ။ ပြည်သူမဝယ်ရင် ဒီကမ်ပိန်းက ဆက်အောင်မြင်မှာပါ။ ပြည်သူက စစ်တပ်ထုတ်ကုန်တွေကို အားမပေးကြပါနဲ့ ” ဟု ရန်ကုန်မှ မီနီမတ်ပိုင်ရှင်က ရှင်းပြသည်။

စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲဝင်နေသော တော်လှန်ရေး တက်ကြွလှုပ်ရှားသူများက အကြမ်းဖက်စစ်တပ် ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်တွေကို သပိတ်မှောက်ကြရန် တောင်းဆိုထားပြီး သပိတ်မှောက်ရမည့် စစ်တပ် ထုတ်ကုန်များမှာ-

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက် တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article