35 C
Yangon

စစ်ကောင်စီလျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားခဲ့မှု ၊ လာဘ်ပေး လာဘ် ယူမှု များအတွက် ပြည်ထဲရေး ဝန်ကြီး ဟောင်း စိုးထွဋ်၊ ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် စစ်ကိုင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေ

Must read

စစ်ကောင်စီလျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားခဲ့မှု ၊ လာဘ်ပေး လာဘ် ယူမှု များအတွက် ပြည်ထဲရေး ဝန်ကြီး ဟောင်း စိုးထွဋ်၊ ရဲမှူးချုပ် အောင်ဌေးမြင့် နှင့် စစ်ကိုင်း လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေ

ရန်ကုန်၊ စက်တင်ဘာ ၁၄

Khit Thit သတင်းဌာနထံသို့ NUG ၊ CRPH နှင့် PDF နှိမ်နင်းရေး စစ်ကောင်စီ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ယခုနှစ် ဇန်နဝါရီလအတွင်း ပေါက်ကြားခဲ့မှု အတွက် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ရဲမှူးချုပ် အောင် ဌေး မြင့်နှင့် စစ်ကိုင်းလမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော် တို့ကို စစ်တပ်က စစ်ဆေးနေကြောင်း နေပြည်တော် စစ်တပ်သတင်း ရင်းမြစ် ထံမှ သိရှိရသည်။

NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ် ဦးဆောင်ကျင်းပခဲ့သည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းကို Khit Thit သတင်းဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကြားမှုအတွက် နောက်ကြောင်းပြန်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ၏ လျှို့ဝှက် အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိ ကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် နိုင်ငံဖြတ် ကျော်မှုခင်း ဌာန၏ ဌာနကြီးမှူးလည်းဖြစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူးလည်းဖြစ်သူ ရဲမှူးချုပ်အောင်ဌေးမြင့်က မှတ်တမ်း အတွက် တာဝန်ယူခဲ့ရကြောင်း ၊ ရဲမှူးကြီး ဉာဏ်မြင့်ကျော်မှာမူ ယင်းအစည်း အဝေး ကိစ္စ အပြင် လာဘ်ပေးလာဘ်ယူ ကိစ္စ တိုင်ကြားခံရသဖြင့် ဖမ်းဆီး အရေးယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အစစ်ဆေးခံနေ ရတယ်။ ခင်ဗျားတို့ဆီကို ဒီနှစ် ဇန်နဝါရီလတုန်းက ပေါက်ကြားခဲ့တဲ့ အကြမ်း ဖက် မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး မှတ်တမ်း၊ နောက်တစ်ခါ ပြည်ထဲရေးဝန်ကြီးဘ၀တုန်းက တိုင်ကြားခံရတဲ့ လာဘ်ပေးလာဘ်ယူမှုတွေ အဲဒါတွေလည်း စစ်ဆေးခံနေရတယ်။ ရဲမှူးချုပ်အောင်ဌေးမြင့်ကတော့ ဖမ်းထားခဲ့ တယ်။ အဲဒီက ခံဝန်နဲ့ ပြန်လွှတ်ပြီး အခုပြန်ဖမ်းတယ်။ အဲဒါလည်း လျှို့ဝှက်အစည်းအဝေး ကိစ္စပဲ။ နောက်တစ်ခါ စစ်ကိုင်းတိုင်းလမ်းပန်း ဆက် သွယ် ရေးဝန်ကြီး ရဲမှူး ဉာဏ်မြင့်ကျော်လည်း အစစ်ဆေးခံနေရတယ်။ လျှို့ဝှက်အစည်းအဝေးကိစ္စနဲ့ လာဘ်ပေးလာဘ်ယူမှုတွေပဲ။ အခြားအဖမ်းခံရပြီး စစ်ဆေးခံနေရတဲ့ ဒုရဲမှူးကြီးတွေနဲ့ ရဲမှူးတွေလည်းရှိတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောင်းလဲပြီးမှ အမှုတွေ ပြန်စစ်တာ” ဟု နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကို မင်းအောင်လှိုင် က ဩဂုတ်လ ၃ ရက်နေ့တွင် အရေးပါမသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ၁ ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ပြည်ထဲရေး ဝန် ကြီး အဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေး ရဲဘော် ၄ ဦးကို အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးသတ်ဖြတ်ရာတွင် အဓိက ဦးဆောင်ပါ ဝင်ခဲ့ သူ လည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article