24 C
Yangon

နေပြည်တော်မှာ အကြမ်းဖက် စစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ အာဆီယံ လေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိင်ငံသာ လာတက်ရောက်ခဲ့

Must read

နေပြည်တော်မှာ အကြမ်းဖက် စစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ အာဆီယံ လေတပ်ညီလာခံကို အဖွဲ့ဝင် ၅ နိင်ငံသာ လာတက်ရောက်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၄

အကြမ်းဖက် စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို တက်ရောက်ဖို့ အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံသာ လာရောက်ခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်မှာ စက်တင်ဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့ထိ ကျင်းပနေတဲ့ အဆိုပါလေတပ်ညီလာခံကို လက်ရှိအာဆီယံ ဥက္ကဌ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နဲ့ ဖိလစ်ပိုင် နိုင်ငံတို့ မတက်ရောက်ခဲ့ကြောင်း သိရတာပါ။

စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အသံရဲ့ ထုတ်လွှင့်ချက်အရ အာဆီယံအဖွဲ့ဝင် ၅ နိုင်ငံ တက်ရောက်ခဲ့တယ် ဆိုတဲ့ အဆိုပါ လေတပ်ညီလာခံကို စင်္ကာပူနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ကြိုတင်ရိုက်ကူးထားတဲ့ ရုပ်သံ ဖိုင်သာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံနဲ့ ပတ်သက်တာတွေကိုလည်း ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။

ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနှိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ စစ်ဦးစီးချုပ်တွေကတော့ လူကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ပြည်သူများကို လေယာဥ်နဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေတဲ့ မြန်မာလေတပ်ရဲ့ ကာကွယ်ရေး ဦးစီးချုပ် လူသတ်သမား ထွန်းအောင် က ဦးဆောင်ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံကို Justice for Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း အဆိုပါညီလာခံကို မတက်ရောက်ဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ အာဆီယံ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီးလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တစိုက်မတ်မတ် ဝေဖန်ပြစ်တင် ရှုတ်ချနေတာပါ။

မြန်မာစစ်တပ်ကို အစည်းအဝေး တက်ရောက်ခွင့်သာမက ခေါင်းဆောင်မှု နေရာတွေပါ ပေးအပ်ထားတဲ့ နောက်ထပ် အာဆီယံ ပလက်ဖောင်း တစ်ခုကတော့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ဆက်စပ် (ADMM- Plus) ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ ဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ တိုက်တိုက်ဆိုင်ဆိုင် တစ်ကမ္ဘာလုံးက အကြမ်းဖက် အဖွဲ့အစည်းတွေလို့ လက်ခံထားကြတဲ့ မြန်မာစစ်တပ်နဲ့ ရုရှား စစ်တပ် တို့က ဥက္ကဌအဖြစ် ပူးတွဲပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။

ADMM-Plus ရဲ့ အစီအစဉ်အရ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ ပူးတွဲဦးဆောင်သူအဖြစ် ကျင်းပတဲ့ စားပွဲတင် စစ်ရေးလေ့ကျင်ခန်း တစ်ခုကို ပြီးခဲ့တဲ့ လပိုင်းအတွင်း မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပခဲ့ပြီး၊ လက်တွေ့ စစ်ရေးလေ့ကျင့်မှုကိုတော့ ရုရှားနိုင်င်ငံမှာ ဒီလကုန် (စင်တင်ဘာလ နောက်ဆုံးအပတ်) ပြုလုပ်သွားမယ် လို့လည်း သိရတာပါ။

အာဏာသိမ်း စစ်ကောင်စီ ကိုယ်တိုင်က အာဆီယံရဲ့ ADMM-Plus ဆွေးနွေးပွဲတွေဟာ ၄င်းတို့ကို တော်လှန်တိုက်ခိုက်နေတဲ့ PDF တွေကို နှိမ်နင်းရာမှာ အထောက်အကူပြုကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုထားတာပါ။

အမည်မဖော်လိုသူ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ “အခု အာဆီယံ လေတပ်ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေ မတက်ရောက်တာဟာ အိမ်ရှင် မြန်မာစစ်တပ်ကို အကြီးအကျယ် အရှက်ရစေပါတယ်။ ဒါကြောင့် ဒီလကုန်မှာ မြန်မာ နဲ့ ရုရှ နှစ်နိုင်ငံ အကြမ်းဖက်စစ်တပ်တွေက ဦးစီးကျင်းပမယ့် ADMM-Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ လက်တွေ့ စစ်ရေးလေ့ကျင့်မှု အစီအစဥ်ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ မတက်ရောက်ဖို့နဲ့ သဘိတ်မှောက်ကြဖို့ အတွက် ဆက်လက် တိုက်ပွဲဝင် လုပ်ဆောင်သွားမယ်” လို့ ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article