23 C
Yangon

ဗိုလ်နဂါး MRDA တပ်အတွက် ငွေကျပ်သိန်း ၃ ထောင်ကျော်၊ ဒေါ်လာ ၁ သိန်းခွဲနီးပါး ထောက်ပံ့ခဲ့ပြီး မောင်းပြန် ၉၈ လက်၊ ဗုံးပစ်လောင်ချာ ၂၂ လက် ပေးခဲ့ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်

Must read

ဗိုလ်နဂါး MRDA တပ်အတွက် ငွေကျပ်သိန်း ၃ ထောင်ကျော်၊ ဒေါ်လာ ၁ သိန်းခွဲနီးပါး ထောက်ပံ့ခဲ့ပြီး မောင်းပြန် ၉၈ လက်၊ ဗုံးပစ်လောင်ချာ ၂၂ လက် ပေးခဲ့ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်

■ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ကို PDF တပ်ရင်းများအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန က ကွပ်ကဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်နဂါး ဦးဆောင်သည့် MRDA တပ်များအတွက် ငွေကျပ်သိန်းပေါင်း ၃ ထောင်ကျော်၊ ဒေါ်လာ ၁ သိန်းခွဲနီးပါး ထောက်ပံ့ ခဲ့ပြီး မောင်းပြန် ၉၈ လက်၊ ဗုံးပစ်လောင်ချာ ၂၂ လက် ထောက်ပံ့ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည် ဆောက်ထားသည့် Chain of command အောက်တွင် ပါဝင်လျက် Code of Conduct စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်မည်ဟူသော သဘောတူညီချက်ဖြင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၏ တပ်ဖွဲ့များကို ယင်းမာပင် ခရိုင် တပ်ရင်းအမှတ် ၃၊ တပ်ရင်း ၄ ၊ တပ်ရင်း ၅၊ တပ်ရင်း ၆ အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက် နေ့စွဲ ဖြင့် အသိအမှတ်ပြုကွပ်ကဲမှု ရယူခဲ့ကြောင်း သိရသည်။

ထိသို့ကွပ်ကဲမှုရယူပြီးနောက် အခြားပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများနည်းတူ တပ်ရင်း ထောက်ပံ့မှုများကို ၂၀၂၂ ခုနှစ် ၊ မေလ မှစတင်၍ ပေးအပ်ခဲ့ရာ ယခုအချိန်အထိ စုစုပေါင်း ကျပ်သိန်း ၃၁၈,၀၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းပေါင်း သုံးထောင် တစ်ရာ ရှစ်ဆယ်သိန်း တိတိ) (ခန့်မှန်း အမေရိ ကန် ဒေါ်လာ ၁၂၂,၉၇၆.၄၈ ထောက်ပံ့ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများအဖြစ် အသိအမှတ်ပြု ကွပ်ကဲမှုမယူမီကာလ ကလည်း MRDA ၏ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ ၂၄,၁၆၆.၆၇ ထောက်ပံ့ခဲ့ပြီး ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ကာကွယ်ရေးဝန် ကြီး ဌာနမှ တဆင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှု စုစုပေါင်း ခန့်မှန်းအမေရိကန် ဒေါ်လာ ၂၈,၀၇၀ ကိုလည်း ဆက်သွယ်ပေးပို့ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက MRDA အနေဖြင့် ၎င်း၏ ရန်ပုံငွေဖြင့် လက်နက်ပစ္စည်းဝယ်ယူနိုင်ရန် အတွက် မဟာမိတ်များနှင့် ချိတ်ဆက်ဆောင် ရွက်ပေး ခဲ့ရုံ သာမက ကာကွယ် ရေးဝန်ကြီးဌာနက ခန့်မှန်း အမေရိကန်ဒေါ်လာ (၉၀,၀၀၀) ကို အားဖြည့်ထောက်ပံ့ ပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးကာလ အစောပိုင်းတွင် MRDA အတွက် မောင်း ပြန် ၅ လက်နှင့် ဆက်စပ်ခဲယမ်းများကို ဝန်ကြီးဌာနအနေဖြင့် လည်းကောင်း၊ ဗုံးပစ်လောင်ချာ ၁၅ လက် နှင့် ဆက်စပ်ခဲယမ်းများကို အမှတ် ၁ စစ်ဒေသမှ တဆင့် လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့အ ပြင် အသိအမှတ်ပြု ကွပ်ကဲမှုယူပြီး ဖြစ်သော တပ်ရင်း လေးရင်း အနက် ယင်းမာခရိုင်အမှတ် ၆ တပ်ရင်း ကို မောင်းပြန် ၉၃ လက်နှင့် ဗုံးပစ်လောင်ချာ ၇ လက်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့တော်လှန်ရေးမဟာမိတ်များအနေဖြင့် ခုခံတွန်းလှန်စစ် အောင်မြင်ရေးအတွက် တိကျခိုင်မာ၍ ရှင်းလင်းပြတ်သားသည့် ကွပ်ကဲမှုစနစ် တည်ဆောက်လျက်ရှိရာ ယင်းမာပင်ခရိုင် တပ်ရင်း ၃ ၊ ၄ ၊ ၅၊ ၆ တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက် Chain of Command နှင့် Code of Conduct (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့ ကွပ်ကဲမှု ရယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

အဆိုပါတပ်ရင်း ၄ ရင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ စီမံကွက်ကဲသွားမည်နှင့် မြန်မာ့တော်ဝင်နဂါးတပ် တော်- MRDA တပ်ဖွဲ့နှင့် နောက်ဆုံးအခြေအနေကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်း ဌာနအနေဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေထံသို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article