25.8 C
Yangon

ထိုင်းပိုင်နက်အတွင်းသို့ လက်နက် အပြည့်အစုံဖြင့် မြန်မာစစ်သားများ ဝင် ရောက်ခဲ့မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု မဟုတ်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထိုင်းလွှတ်တော်အမတ် ဝေဖန်

Must read

ထိုင်းပိုင်နက်အတွင်းသို့ လက်နက် အပြည့်အစုံဖြင့် မြန်မာစစ်သားများ ဝင် ရောက်ခဲ့မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု မဟုတ်ဟု ထိုင်းကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထိုင်းလွှတ်တော်အမတ် ဝေဖန်

■ ပြည်သူကို သတ်ဖြတ်နေသော မြန်မာစစ်တပ်ကို ထိုင်းစစ်တပ်အနေဖြင့် မပူးပေါင်း၊ မကူညီသင့်ဟု ထိုင်းအမတ်ပြော

ရန်ကုန်၊ စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံ ပိုင်နက်အတွင်းသို့ လက်နက်အပြည့်အစုံဖြင့် မြန်မာစစ်သားများ ဝင် ရောက်ခဲ့မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ထိုင်း ကာ ကွယ် ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ယမန်နေ့ သူ၏ လူမှုကွန်ရက် တွစ်တာမှတစ်ဆင့် ဝေဖန် ပြောဆို လိုက် သည်။

ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ မြန်မာစစ်သား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်လာ ခြင်းသည် ရည်ရွယ်ချက်ရှိရှိ ဝင်လာခြင်းမဟုတ်၍ အရေးယူရန် မလိုအပ်ဘဲ နေရပ် ပြန်ပို့လိုက်ပြီဟု ထိုင်းကာကွယ်ရေး ဝန်ကြီးသစ် SKlungsang က သတင်းထောက်များကို ပြောဆိုခဲ့မှုအပေါ် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang ကထိုသို့ တုံ့ပြန် ပြောဆိုခြင်းဖြစ်သည်။

“တိုက်ပွဲတွေဖြစ်ပြီး ထိုင်းကို ထွက်ပြေးလာတာ လို့ နားလည် ပေမယ့် ရာနဲ့ ချီ သော ယူနီဖောင်းများ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်မှု အပြည့်နဲ့ ထိုင်း မြေပေါ်တွင် ခြေချတယ်။ ထိုင်းလူမျိုးများနေထိုင်ရာ ပိုင်နက်မှာ ဒီလို ဝင် လာခြင်းက ထိုင်းပြည်သူတွေကို ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။ ထိုင်းပိုင် နက် ဧရိယာမှာ ၂ ညတာ နေထိုင်ခဲ့ကြတယ်။ ပိုင်နက်ကျော်လာချိန် မှာ တပ်မတော်တွေရဲ့ ပုံမှန်လုပ်ထုံးလုပ်နည်းများ (ROC) ကို မလိုက်နာခဲ့ ကြဘူး။ ငါတို့ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာမျိုး ခွင့်မပြုနိုင်ဘူး။ ဘယ်လို ရည်ရွယ်ချက်ရှိရှိပါ။ သူတို့ဟာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေပါ။ ထိုင်းမြေပေါ်သို့ ခြေချရင် လက်နက်တွေကို ဖြုတ်သိမ်းရမယ်။ ယူနီဖောင်း ဝတ်ပြီး လက်နက်ကိုင်ပြီး အခြားနိုင်ငံတွေကို ဝင်လို့မရပါဘူး” ဟု ထိုင်းလွှတ် တော် အမတ် Kannavee Suebsang က တွစ်တာလူမှုကွန်ရက်တွင် ထိုင်း ဘာသာ ဖြင့် ဝေဖန်ရေးသားထားသည်။

မြန်မာစစ်တပ်သည် အပြစ်မဲ့ မြန်မာပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက်စစ်တပ်ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်အနေဖြင့် ယင်းကဲ့သို့သော စစ် တပ်ကို မဆက်ဆံသင့်ကြောင်း၊ မြန်မာပြည်သူများကို သတ်ဖြတ်နေသော စစ်တပ်ကို ထိုင်းစစ်တပ်က မကူညီ၊ မပံ့ပိုးသင့်ကြောင်း ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က အကြံပြုထားသည်။

“ထိုင်းနိုင်ငံဟာ မြန်မာစစ်သားတွေကို ဖက်တွယ်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာကို မသိလိုက်ဘဲ ပံ့ပိုးပေးတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက ရှုမြင်နိုင်ပါတယ်။ ဒါဟာ ထိုင်းစစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ် နိုင်တဲ့ အင်အားရှိစေဖို့အတွက် မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ကူညီ နေတာမျိုး ဖြစ်နိုင်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကို သတ်နေတဲ့ စစ်ဆင် ရေးလုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ မပူးပေါင်းပါနဲ့။ ထိုင်းပိုင်နက် နယ်မြေနဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာမျိုးမဖြစ်သင့်ပါဘူး”ဟု ၎င်းက ဝေဖန် ထားသည်။

ထိုင်းနိုင်ငံ နယ်စပ်ဖြစ်သော တာ့ခ်ခရိုင် အုန်းဖန်မြို့နယ် လေးတောခိုရွာ အတွင်း သို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်သား ၈၀ ဦးဝန်းကျင်သည် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ တပ်ရင်း ၅၆၁၊ တပ်ရင်း ၃၃၉၊ တပ်ရင်း ၅၅၇ တို့မှ အကြမ်းဖက်စစ်သားများသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် လေယာဉ်နှင့် ထွက်ခွာလာပြီး ယင်းတပ်ရင်း ၃ ရင်းထဲမှ အင်အား ၈၀ ၊ ၉ဝ ၀န်းကျင် ရှိသော အကြမ်းဖက်စစ်သားတပ်ဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာလ ၂ ရက် နေ့ ညနေ ၆နာရီဝန်းကျင်တွင် ထိုင်းနယ်စပ် ကျေးရွာများသို့ ရောက်ရှိ လာ ကြောင်း၊ အဆိုပါအကြမ်းဖက်စစ်သားများသည် လေးတောခို ကျေးရွာ ဘေးပတ်ပတ်လည်တွင် စခန်းချခဲ့ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ-မြန်မာနိုင်ငံ နယ်စပ်၊ ထိုင်းပိုင်နက် တက်ခ့်ခရိုင်ထဲသို့ မြန်မာစစ်သား အများအပြား ဝင်ရောက်နေမှုအပေါ် သေသေချာချာ စုံစမ်းစစ်ဆေးပေးရန် Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ထိုင်းအစိုးရကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article